"သို့..... အတိတ်က....." အပိုင်း(၂၉)

Start from the beginning
                                    

ဘာမှမသိဘဲ၊ အကြောင်းပြချက်တစ်စုံတရာမပေး၊ လမ်းခွဲစကားလေးတစ်ခွန်းတောင် မပြောခဲ့ဘဲ စွန့်ပြစ်နိုင်ရက်ခဲ့မှုအပေါ် စိတ်နာကျည်းတာကတစ်ဖက်၊ ပြန်တွေ့ချိန် ငိုထားတဲ့မျက်ဝန်းတွေ၊ ထိခိုက်ထားတဲ့အခြေအနေတွေကိုစိတ်ပူရတာကတစ်ဖက်။ လူမသိအောင်လိုက်ကြည့်လို့ ခိုးငေးနေမိရင်းက မျက်နှာနွမ်းနွမ်း ပုခုံးကိုင်းကိုင်းလေးကိုမြင်တိုင်း သိမ်းကြုံးလို့ ပွေ့ဖက်ပြစ်ချင်စိတ်ကိုတင်းထားရင်းက car steering ကို တင်းတင်ဆုပ်လို့ မေးရိုးတွေတင်းနေအောင် အံကြိတ်ရင်း အနီရောင်မျက်လုံးတွေနဲ့ ကြည့်ခဲ့ရတဲ့နေ့တွေ၊ တိုင်အကွယ် အခန်းငယ်တွေထဲ တင်နေအောင်ဆုပ်ခဲ့မိတဲ့လက်သီးဆုပ်တွေ။ ဘယ်အရာတွေက ဝေးကွာစေခဲ့တာလဲ၊ ဘယ်လိုအကြောင်းတွေကြောင့် ဝေးကွာခဲ့ရတာလဲ မ ရယ်။ မတွေးဘူး။ မသိချင်ဘူးဆိုပေမဲ့ မစဉ်းစားဘူးဆိုပြီး ရောက်ရောက်လာတဲ့အတွေးတွေကြား လူက မွန်းကြပ်လွန်းလို့ ထွက်ပေါက်ရှာရင်းက မနည်းပြန်ပြီတည့်မက်ခဲ့ရတဲ့ အချိန်တွေ။ ခံစားချက်တွေကို ထိန်းချုပ်လာနိုင်တဲ့အခါ လူကဟန်ဆောင်ကောင်းလာတယ်။ တေးတေးအပေါ် အနစ်နာခံ အနွံတာခံချစ်ပေးလွန်းတဲ့လင်းမြတ်နောင်ကိုလည်းသံယောဇဉ်ရှိသလို၊ အတ္တကြီးကြလွန်းတဲ့ သူတို့အသိုင်းအဝိုင်းကို ရွံရှာမိနေတုန်း။ နာကျည်းမိနေတုန်း။

Dinner ပွဲတက်ဝတ်စုံလေးနဲ့ လိုက်ဖက်လွန်းတဲ့ပြင်ဆင်မှုပုံစံလေးကြောင့် မြတ်နိုးယုယချင်မှုတွေယိုဖိတ်လို့ ဆွဲယူပွေ့ဖက်ချင်တဲ့စိတ်ကိုမနည်းထိန်းချုပ်ခဲ့ရတယ်။ ချိတ်တွဲထားတဲ့လက်တွေက ကိုယ်တိုင်သာဖြစ်လိုက်ချင်ရဲ့လို့ တွေးမိတော့ သဝန်တိုစိတ်က ငယ်ထိပ်တက်စောင့်တယ်။ ညနေကတည်းက အမြင်မကြည်နိုင်တဲ့မြင်ကွင်းကြောင့် လူကမနည်းထိန်းချုပ်ခဲ့ရတာ တွေးမိတော့ ဘေးကတွဲထားတဲ့ လင်းမြတ်နောင်ကို အားနာမိရဲ့။ မ ကိုမြင်မိချိန်တိုင်း ကိုယ့်ကိုကိုယ်တောင့်မေ့လျော့တဲ့အထိ မြတ်နိုးမိနေလွန်းလို့ အရာအားလုံးက မေ့လုလု။ ဆိုင်သူကိုယ်ဆီရှိနေရက်နဲ့မို့ မသိချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင်မိနေရင်းက တင်းသွားတဲ့မေးရိုးတွေး၊ ဆုပ်ညစ်မိတဲ့ လက်သီးတွေက လူမသိ သူမသိ။ လင်းမြတ်နောင်နဲ့တွဲလို့ ကနေတုန်း ကပွဲအပြင် ခြံဝန်းထဲကိုထွက်သွားတာလှစ်ခနဲ မြင်လိုက်ရတဲ့ ကျောပြင်သေးသေးလေး။ သန့်စင်ခန်းဘက်ထွက်သွားတဲ့ လင်းမြတ်နောင်နဲ့ ရေချိန်ကိုက်နေတဲ့ ထက်မြတ်နောင်ကိုတစ်ချက်စောင်းငဲ့ကြည့်လို့ ထွက်သွားတာအချိန်အတော်ကြာပြီဖြစ်တဲ့ မ ရဲ့နောက် ခြေလှမ်းတွက အလိုအလျောက်လိုက်မိသွားခဲ့တာ။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now