" ကိုယ့်ကကြောက်စရာကောင်းနေလို့လားကွာ...ဟမ် ဘာလို့ကိုယ့်ကိုမြင်တိုင်းထွက်ပြေးနေရတာလဲ "
ရိပေါ်သူ့ရှေ့က လူကို
မဝံ့မရဲ မော့ကြည့်မိသည်...
မေးလဲမေးတက်တယ်
ကြောက်စရားကောင်းလို့လားတဲ့
ကောင်းတာပေါ့ ကြောက်လွန်းလို့လဲ
ထွက်ပြေးနေမိတာ...
သို့ပေမဲ့လဲသူမပြောရဲပါ
ယောင်္ကျားလေးတန်ပဲ ကြောက်နေမိတဲ့
ကိုယ့်ကိုကိုယ်လည်းစိတ်ပျက်မိတယ်...
ကျွန်တော့်ရှေ့ကများပျောက်ကွယ်သွားပေးပါတော့လားဗျာ....
ရှောင်းကျန့်ဆိုတဲ့ထိုလူနဲ့ပတ်သက်ရင်
ဖြစ်ပေါ်တဲ့ခံစားချက်ကြီးကို
မုန်းလွန်းလို့ပါ....။" ဟိတ် မေးနေတာဖြေအုံးလေ "
အတွေးလွန်နေသော ကျွန်တော့်ကို
သူကလက်ဖြောက်တီးခေါ်ကာ
သူမေးတာဖြေဖို့ပြောလာသည်...။" ဟို ဟို မဖြေတက်ဘူး
ကြောက်လားဆိုတော့... "ပြောရင်း ထိုလူ့မျက်နှာသို့
နောက်တစ်ဖန် ကြည့်မိပြန်သည်..
သူဖြေလို့ရလောက်ပါ့မလား...။" ပြောလို့ရတယ် ပြောစမ်းပါကွာ "
ကိုယ့်အတွေးတွေကိုသိနေသည့်အလား
ပြောလာတဲ့ရှောင်ကျန့်ဆိုသောလူကြောင့်
သူခေါင်းငြိမ့်ကာပြောလိုက်မိသည်...။" ကြောက်တယ်
ဘာလို့ကြောက်နေမှန်း
ကျွန်တော်လဲ မသိဘူး
ဖြစ်နိုင်ရင် ကျန့်ကောနဲ့မခင်ချင်ဘူး
ကျွန်တော့်ကို အကြောက်တရားတွေ
မပေးပါနဲ့လား ကျွန်တော်မကြိုက်လို့.. "" ကိုယ်ကမင်းကို ဘာတွေများ
အကြောက်တရားတွေပေးနေလို့လဲ
ပြောပါအုံး ပြီးတော့......ငါကရော
မင်းနဲ့ခင်ချင်တယ်လို့များထင်နေလား "" ဗျာ.... "
သူ့စကားကြောင့် မျက်လုံးပြူးလေးနဲ့
တအံ့တသြကြည့်လာသော
ထိုကောင်လေးက
ချစ်စရာ အလွန်ကောင်းသည်...။" ဟုတ်တယ် မင်းကိုမခင်ချင်ဘူး
ကိုယ်ကမင်းကိုချစ်တာ "" ဘယ်...ဘယ်လို!!! "
" အဟွန်းးး ဘာလဲ အံ့သြသွားလား "
မျက်လုံးလေးပြူးလို့ အံ့သြနေသော
ထိုကောင်လေးကမေးတာတောင်
မဖြေနိုင် ခေါင်းလေးပဲငြိမ့်ပြလာတယ်...။" မ မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး
ကျွန်တော်က ယောင်္ကျားလေးပါ "" ယောင်္ကျားလေးချင်းမို့
မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး
အဓိက ကအချစ်ပဲ
မင်းကိုယ့်ကိုချစ်နေရင်ရပြီ
ဘာမှတွေးစရာမလိုဘူး
ဘယ်သူ့မှလည်းဂရုစိုက်စရာမလိုဘူးလေ
ဟုတ်တယ်မို့လား "ရီဝေဝေ မျက်လုံးများနဲ့
ပြောလာတဲ့ကျန့်ကောက
နောက်နေတာမျိုးတော့မဖြစ်နိုင်
ရွှန်းစို နေသောအကြည့်တွေက
လူကိုဖမ်းစားနိုင်လွန်းတယ်...
အကြည့်တွေကိုမခံနိုင်စွာ
မျက်လွှာချမိပါသည်...။" ကျွန်...ကျွန်တော်မသိတော့ဘူး
အခက်တွေ့အောင်မလုပ်ပါနဲ့
ဒီ..ဒီတိုင်းလွှတ်ပေးလိုက်လို့ ရမလား "အမိန့်ပေးတာမဟုတ်ဘူး
တောင်းဆိုတာ မျက်နှာတည်တည်ကြီးနဲ့ ကြည့်နေတဲ့ထိုလူကို
ကျွန်တော်အမိန့်ပေးရဲပါ့မလား...။" မငြင်းနဲ့ အတင်းရယူမိလိမ့်မယ်
မင်းငြင်းတာကို ငါမကြိုက်ဘူး "အတ္တဆန်စွာ ထွက်လာတဲ့စကားတွေက
သူပြောလိုက်တာမှ ဟုတ်ရဲ့လားးး
ပုံမှန်ဆို သူကအတ္တကြီးရတာကို
မကြိုက်တဲ့သူပါ..
ပါးနဲ့ပတ်သက်ရင်တောင်
သူ့မှာအတ္တဆိုတာမရှိခဲ့ဖူးပါ...
ဘာလို့ထိုကောင်လေးနဲ့မှ
သူအတ္တဆန်နေရတာပါလိမ့်....။နှုန်ခမ်းလေးကွာဟလျှက်
မျက်လုံးအဝိုင်းသားနဲ့ ကြည့်လာတဲ့
ဝမ်ရိပေါ်ဆိုသောကောင်လေး....။" ကျွန်တော် သွားတော့မယ် "
ပြောပြီး ရှောင်ထွက်ဖို့ပြင်နေတဲ့
ထိုကောင်လေးရဲ့လက်ကို
သူဖမ်းဆွဲထားလိုက်မိတယ်....။" လိုက်ခဲ့ "
ဆုတ်ကိုင်ထားတဲ့လက်ကို ဆွဲညစ်ပြီး
အမိန့်ပေးသံနဲ့ ပြောကာ
ဆောင့်ဆွဲခေါ်လာလိုက်တော့သည်....။🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ချစ်ခင်လေးစားလျက်
🕊️shane//🕊️
YOU ARE READING
ဇာတ်သိမ်းခန်းလေး..
Fanfictionပင်လယ်လို မာယာများစွာဖြင့် ချဥ်းကပ်မိသော်လည်း ပြန်ရလိုက်သည့်အရာတွေဟာ အဖြူထည်လေးရဲ့ရိုးသားခြင်းတွေမို့ ခံစားကြရတဲ့အခါ မာယာများခဲ့သည့် ပင်လယ်သာလျှင် တနင့်တပိုးပါလေ... ပုံကFbကယူသုံးထားတာမို့.. Crdအပြည့်အဝပေးပါတယ်ဗျာ့..
Ep>>9..Uni
Start from the beginning