Extra ⛄{Marry Christmas}⛄

Start from the beginning
                                    

"ရပြီ ဖေဖေ ဆွဲပေးမယ်"

သူ သားဘူးထဲကနေကောက်ယူပေးနေတဲ့ မီးလုံးလေးတွေကိုသင့်တော်တဲ့နေရာမှာချိတ်လိုက်ပြီး ခဏကြာတော့ Christmas သစ်ပင်လေးပြီးမြှောက်သွားသည်။အဲ့ပြီးသွားတဲ့ သစ်ပင်အပေါ်ကို မီးလုံးသေးသေးလေးတွေပါတဲ့ ကြိုးနဲ့ ရစ်ပတ်လိုက်ကာ နေ မီးခလုတ်ကိုစမ်းဖွင့်လိုက်တယ်ဆို။

" မီး မီး မီး"

နေတစင်း လေးရဲ့ မီးလို့အော်သံကြောင့် ပြင်ဆင်နေတဲ့ အိမ်ထဲကလူတွေပါ ပြေးဆင်းလာကြကာ သူတို့သားအဖနားလူတွေရောက်လာကြသည်။

"မီး ဘယ်မှာလဲ !!"

"မြေးဘယ်မှာလဲ မီး"

"မာမီမြေး ဒီမှာသစ်ပင်မီးလင်းနေတာကိုပြောနေတာ အကုန်လုံးကဘာဖြစ်နေကြတာလဲ"

ကြည့်စမ်း သားဖြစ်သူက မီးလို့အော်တာကို ဘာဖြစ်နေကြတာလဲ မေးလည်းမေးတက်ပါ့။သူသားကြတော့ သူများတွေပြောမှာကြောက်သား တော်တော်တရားတဲ့ကောင်။

သူ လူတွေများတာမို့ သားကိုကောက်ချီလိုက်သည်။သူချီလိုက်တယ်ဆိုသားက...

"Christmas ဖိုးဖိုးကြီး မလာသေးဘူးလားဖေဖေ"

"ညကြလာမှာပေါ့"

"အင်း"

သူလည်း သားမေးတာကိုခြံထဲလိုအပ်တာတွေလိုက်ကြည့်ရင်း ဘာမှမတွေးပဲဖြေလိုပ်သည်ကို သားတော်မောင်က ယုံကာ မှတ်သားထားလေသည်။

ညနေဆောင်းတော့.....

"သမီး အခုထိဘာမှမလုပ်ရသေးဘူးလား"

သူမ Party မှာမောင့်မွေးနေ့ရောလုပ်မှာဆိုတော့ စားစရာသောက်စရာတွေကို လိုအပ်တယ်မဖြစ်ရလေအောင် သူမကိုယ်တိုင်ဝင်လုပ်နေတာ တစ်နေ့ကုန်မနားရသေးတာကြောင့် ယောက္ခမဖြစ်သူကပြောတော့...

"ဟုတ် ဒီမှာလိုအပ်တာလေးတွေပြင်ဆင်ပေးနေလို့ မေမေ"

"ထားခဲ့လိုက်တော့ သမီး ဟိုသားအဖကအခုလေးတင် အပေါ်တက်သွားပြီ သမီးဟာလေးတွေကို သာသွားလုပ်ပေးလိုက် ပြီးတော့ ရော့ ဒါသမီးအတွက် မေမေပေးတာ Christmas လက်ဆောင်"

သူမကို ပေးလာတဲ့ ကတ္တီပါဘူးအနီကို ယူကာဖွင့်ကြည့်လိုက်တော့ လည်ဆွဲနဲ့ စိန်တစင်စာ။သူမတန်ဖိုးအရမ်းမြင့်တာကြောင့် ...

The sun of flower_နေရောင်ရှိမှပွင့်မည့်ပန်းWhere stories live. Discover now