"Yang Jungwon ဆော့မနေနဲ့ စာလိုက်ကြည့်"

ဆရာမရဲ့ လေသံကြောင့် ဇာတ်ကလေးပုကာ စက်ရုက်ကလေး Ni-ki ၏လက်ကို သေချာကိုင် သွေးကြောရှာနေသော သူ့လက်ကို ပြန်ရုတ်လိုက်သည်

ခံစားချက်ကင်းမဲ့သော မျက်ဝန်းတစ်စုံမှာ အမည်မဖော်နိုင်သော အရိပ်အရောင်တို့ဖြတ်ပြေးသွားတာ မည်သူမှ သတိမထားမိလိုက်ချေ။

နေ့လည်နားချိန် ကန်တင်းဆီသို့ စက်ရုပ်တစ်ရုပ်လက်ဆွဲကာ တိုးဝှေ့နေသော အထက်တန်းကျောင်းသားလေးတစ်ယောက်

စက်ရုပ်ကလေးကို လူသားတစ်ယောက်လိုသဘောထားကာ စားချင်တာတွေဆက်တိုက်မေးနေသည်၊ သူ့ဘာသာမေးလိုက် ပြန်ဖြေလိုက်နှင့် ခနနေတော့

"Hyung တော်လောက်ပြီ၊ မှာထားတာ 2 ယောက်စာမကတော့ဘူး"

ထိုအခါမှ ထမင်းဝိုင်းတွင်ထိုင်ကာ 2 ယောက်သား စတင်စားသောက်ကြတော့သည်။

စက်ရုပ်တစ်ရုပ်ကို ငွေအကုန်ခံ ထမင်းကျွေးနေသော ထိုလူသားလေးနှင့် စက်ရုပ်ကလေးကို ကျောင်းသားတစ်ချို့လှောင်ပြောင်ရယ်မောနေကြသော်လည်း ထိူသူ2ယောက်ကတော့ မသိပါချေ၊

သူတို့ 2 ယောက်ကိုစောင့်ကြည့်နေသောလူတစ်ယောက်မျက်နှာပေါ်မှ အပြုံးများကိုလည်း သူတို့ မသိလိုက်ပါ

1 လဟူသော အချိန်တွေ ကုန်ဆုံးသွားသလို စက်ရုပ်ကလေး Ni-ki ကိုလည်း လူတွေအထူးဂရုမပြုမိကြတော့။ Yang သားငယ်နှင့် အတူတူကျောင်းလာတက် ထမင်းအတူတူစားသော လူသားစက််ရုပ်ဟုသာ အများသူငါနည်းတူ သဘောထားကြတော့သည်။

ကျောင်းဝန်းတနေရာ အတန်းနားချိန်တွင်ဖြစ်သည်

ဘောလုံးကွင်းတွင် အထက်တန်းတတိယနှစ်ကျောင်းသားများ ဘောလုံးကန်ပြီးစီးချိန်ရောက်လာသော အထက်တန်းဒုတိယနှစ်ကျောင်းသားနှင့် စက်ရုပ်တစ်ယောက်

"Hyung တို့ ပွဲသိမ်းပြီလား wonie ဆော့ချင်လို့ဟာကို"

သူပြန်ရသော အဖြေကတော့ သူ့ခေါင်းလေးအားပွန်ပြီး ထွက်သွားသော ကျောင်းသားများ

"နောက်မှပေါ့ wonie, Hyung တို့ အတန်းရှိသေးတယ်"

စိတ်ပျက်လက်ပျက်နှင့် အနားက လူသားစက်ရုပ်လေးကို မျက်ခင်းပေါ်ထိုင်စေကာ သူကလည်း ထိုစက်ရုပ်လေးဘေးနား ဝင်ထိုင်ကာ

Domestic Robot Where stories live. Discover now