ကျွန်တော် စလိုက်တာပါ..သူလေးဘယ်လိုများတုန့်ပြန်လာမလဲလို့..။
အမှန်တကယ်ဆို အပြာရောင်ကမှကျွန်တော်သုံးတဲ့ သွားပွတ်တံပါ..
ခရမ်းရောင်ကတော့ လိုလိုပိိုပိုဆိုပြီးဒီအတိုင်းထားထားတာ..။
ကျွန်တော်လည်းခရမ်းရောင်ပဲသုံးတယ်ဆိုရော အားနာပြီး ရှက်သွားတဲ့မျက်နှာလေးကတကယ်ချစ်စရာလေး..။
ဖြူစင်လိုက်တာ..ဘယ်အချိန်ကြည့်ကြည့် မဲ့တစက်မစွန်းရလေလောက်အောင်ကို အပြစ်ကင်းသောမျက်နှာလေးက အက္ခရာဖြစ်သည်..။

ထိုမျက်နှာငယ်လေးကိုငေးကြည့်နေသောဂျောင်ဂုတို့မှာလည်း မျက်တောင်ခတ်ဖို့တောင်မေ့နေသည့်အလား..။
ထိုကဲ့သို့ ပတ်ဂျီမင်က ကျွန်တော့်ကို ဘယ်အချိိန်ဖြစ်ဖြစ် ဆွဲဆောင်နေတာပါ..။
နှလုံးသားကို ပတ်ဂျီမင်နဲ့ပဲထုဆစ်ထားပြီး ဘဝကိုပတ်ဂျီမင်ဆိုတဲ့လူသားလေးနဲ့ပဲ ပုံဖော်ခဲ့ခြင်း..။

မျက်စိရှေ့ရှိ ပတ်ဂျီမင်တယောက်ကို သူ၏ ကမ္ဘာငယ်တစ်ခုအဖြစ် အနူးညံ့ဆုံးစိုက်ကြည့်ငေးနေခြင်းသည်က အဖြေဖြစ်သည်။
မျက်တောင် တောင်ရဲရဲမခတ်ရဲတဲ့အထိ ထိုပုံရိပ်လေးလွယ်လင့်တကူမျက်စိရှေ့တင်ပျောက်ပျက်သွားမှာစိုးရိမ်လို့..။

အချိန်ကိုက်မှန်ကြည့်စားပွဲခုံပေါ်တွင် တင်ထားသော  ဂျောင်ဂုဖုန်းထံမှမြည်လာလေသောကြောင့် မင်ငယ်၏အလှတရားတို့ကိုပုံဖော်ချိန်တောင်မရလိုက်ခဲ့..။
အသံတိုးလေးဖြင့် ပြောဆိုလာကာမှ အသိနဲ့သတိတခါတည်းပြန်ဝင်လာပါသည်..။

"ဂျောင်ဂု..ဖုန်းလာနေတယ်.."

"အော်..အင်း.."

ဖုန်းမျက်နှာပြင်ထက် ထင်ထင်ရှားရှားပေါ်လွင်နေသော အမည်နာမ တစ်ခု..။
ဘယ်သူရှိရမှာလဲ..သူ့ကိုဖုန်းဆက်တာ ထယ်ပဲပေါ့..။

"ငါ..သွားတော့မယ်ဂျောင်ဂု.."

"ဘာလို့လဲ?"

ဂျောင်ဂု၏အမေးကိုပြန်လည်ဖြေကြားခြင်းမရှိပဲ ထွက်သွားဖို့ရန်အခန်းတံခါးဆီသို့တည့်တည့်မတ်မတ်လျှောက်လှမ်းနေသော ဂျီမင်..။
အခန်းတံခါးဖွင့်လိုက်သော်လည်း သန်မာသည့်လက်တစုံက တွန်းပိတ်လိုက်သောကြောင့် ထွက်သွားလို့မရခဲ့သူလေး..။

🖤Domino🖤Where stories live. Discover now