Part - 32 ( Zg + Uni )

Start from the beginning
                                    

ခေါင်းတစ်ချက်ငြိမ့်ပြီး သူ ချစ်ရတဲ့
သွေးသစ် ကို အဖြေပြန်ပေးလိုက်သည်။

စကားနဲ့တောင် သူ  ပြန်ပြီးမဖြေနိုင်တော့ပါ။
မဟုတ်ရင် ရင်ထဲမှာ အရမ်း ဝမ်းနည်းပြီး
သွေးသစ် ကို စကား ပြောတဲ့အခါ ငိုသံကြီး
ပါသွားလိမ့်မည်။

မနက်ဖြန်လည်း  သူတို့ နောက်လိုက်တဲ့
အခါကျရင် သူ မငိုမိအောင် မနည်း
ထိန်းရအုံးမည်။

*************************

" အားနာပါတယ် ကိုခြားနားရယ်
နန်းကို ဒါလေးလည်း ထပ်ကိုင်ပေးပါအုံးလား "

ခြားနား ယူပေးလိုက်လေဆိုတဲ့ အကြည့်နဲ့
သွေးသစ် က သူ့ကို မျက်စပစ်ပြနေတော့
ယူလိုက်ရသည်။

ဒီလိုနဲ့ အထုပ်တွေ တစ်ထုပ်ပြီး သူ့ လက်ထဲ
ရောက်လာခဲ့သည်။  မိန်းမ ဘရာဇီယာက
အစပါသည်။  မသိရင် သွေးသစ် ကောင်မလေး
ကရော သူ့ကို မုန်းနေသလားဆိုတာပဲ။

ဒီကြားထဲ သွေးသစ် ကပါ သူ့ကို အထုပ်တွေ
ပေးလာတော့ သူ့ လက်နှစ်ဖက်စလုံးက
အထုပ်တွေနဲ့ ပြည့်နေပြီလေ။

လက်က ကိုင်ထားရလွန်းအားကြီးလို့ အတော်
လေးကို နာချင်နေပြီ။

🎵 ဝမ်းနည်းတတ်သူကို မင်း
ထပ်မနှိပ်စက်နဲ့တော့ 🎼🎼
အချစ်က ကိုယ့်အတွက်ဆို ....
အမြဲတမ်းရှူံးမယ့် တိုက်ပွဲတစ်ခု 🎶🎶

🎼🎼🎼 နောက်တစ်ခေါက် မရှူံးချင်ပါ
မင်း ငါ့အတွက် မတွေးတော့နဲ့ ...🎵🎵🎵🎵

ကုန်တိုက်က ပျံ့လွင်လာသော သီချင်းသံလေး
ကြောင့် လူက ဘာရယ်မဟုတ် ငိုချင်မိသွား
သည်။  သီချင်းလေးက သူ့ အဖြစ်နဲ့  တိုက်ဆိုင်
နေတယ်လေ။

🎵🎵 ဟိုအဝေးဆုံး တစ်ဖက်မှာ
နင် ဘဝကို ပြန်အသစ်စ....🎶🎶
🎼🎼 မင်းကြောင့်သာ မပြောရက်ပါ
မလွန်​ဆန်​ရဲတဲ့ ကံတရားရှိခဲ့လို့ပဲ ....
ဒီလို ဇာတ်သိမ်းဖို့ ပညတ်ထား.... 🎼🎼

🎼🎼 နောက်လူရင်မှာ ပျော်နိုင်မှာပါ
ငါ့ အနား မလာနဲ့တော့ .......🎵🎵
အခုလို ပြောတာ မချစ်လို့ မဟုတ်ဘူးနော် ..🎶🎶

🎼🎼 သိပ်မကြာခင် အဆင်ပြေမှာပါ
ငါ နားလည်ပြီးသား .....🎵🎵🎵
🎼🎼 မင်း နဲ့ ကိုယ်နဲ့ စည်းခြားနေပြီကွာ 🎼🎼

အချစ်ကသူ‌စေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now