တိတ်ဆိတ်ငြိမ်သက်ကာအသံတိတ်စစ်ပွဲနွှဲနေကျသောကားအနက်ရောက်မှာအိမ်ကြီးတစ်အိမ်ရှိရာခြံအကျယ်ကြီးထဲသို့ဝင်ရောက်လာသည်။ဒါနိုင်း၏ကိုယ်ပိုင်ငွေနဲ့ပင်ဒီဇိုင်နာဆီသေချာအပ်ကာအိမ်ဒီဇိုင်းကိုကိုယ်တိုင်စိတ်တိုင်းကျဆွဲစေခဲ့သည့်အိမ်။နိုင်း ဒီးကိုတာဝန်ယူနိုင်သည့်အချိန်ကစဒီမှာနေဖို့တွေးတောထားခဲ့တာပင်။အင်းအခုကစ‌ကျုပ်ဒီးနဲ့နေရတော့မှာပေါ့။

ကားတံခါးအားဖွင့်ကာတစ်ဖက်ခြမ်းရှိလူ၏တံခါးအားအကြမ်းပတမ်းဆွဲဖွင့်ပြီးလက်မှဆွဲကာအိမ်ထဲသို့ဝင်စေသည်။အတင်းရုန်းကန်နေသူကြောင့်လှေကားရှေ့တွင်ဆွဲထားသောလက်ကဖြုတ်ထွက်သွားသည်။နိုင်းစိတ်မရှည်နိုင်တော့သွယ်လျလျခါးလေးအားဆွဲပွေ့ကာပွေ့ချီလိုက်ပြီလှေကားဆီသို့ဦးတည်လိုက်တယ်

"နိုင်းစစ်ထန်!‌ငါ့ကိုချပေးစမ်း!"

"စိတ်ချ!အသံထွက်ပြီးညီးတဲ့အထိကျုပ်ကခင်ဗျားကိုချပေးမှာ!"

"ငါပြောတာကြမ်းပြင်အောက်ကို!မင်းလိုစိတ်နဲ့မနှိုင်းနေနဲ့!"

"ကျုပ်စိတ်ကအဲ့တိုင်းဘဲ နောက်ပြီးကျုပ်ကကျုပ်ပြောတဲ့အတိုင်းတသွေမတိမ်းလုပ်တယ်!"

သေချာပေါက်ကိုရှိန်းဒီသွင်ဆဲသံတွေပလုံစီထွက်လာတာပေါ့ပွေ့ချီထားလျက်ကရုန်းကန်နေသည်မို့ဒီဒီးရဲ့မို့‌နေရာကနိုင်းစစ်ထန်ရဲ့တစ်နေရာကိုပွတ်တိုက်မိသွားသောအခါနိုင်းရဲ့တစ်နေရာကငေါက်ခနဲအမောက်ထောင်လာသည်။

Shit...ဒီလူကနာချင်နေတာ!

ရုန်းကန်နေသည့်လူကအခြေအနေကိုမရိပ်မိစွာကိုင်မြဲသောလက်တွေကြားမှလွတ်မြောက်ဖို့ကြိုးစားနေဆဲ။နိုင်းမျက်နှာတွေရဲတွက်ကာမာန်တွေကအဆုံးစွန်ထိထကြွနေပြီမို့ပွေ့ချီလျက်သာလှေကားအားတက်စေသည်။

နှစ်ထပ်အိမ်အကျယ်ဖြစ်ကာ အပေါ်ထပ်ကနိုင်းတို့၏အခန်းဖြစ်သည်။အပေါ်နှစ်ခန်းအောက်နှစ်ခန်းရှိကာအကျယ်အဝန်းက‌ပြောစရာမလို။လေးထပ်လောက်တက်အပြီးရုန်းကန်းနေသည့်လူကတစ်ချက်ငြိမ်သက်သွားသည်။နိုင်းနှုတ်ခမ်းတွန့်ယုံရယ်မိသည်။ဘာဖြစ်ရမှာလဲသူပြုတ်ကျမှာကြောက်လို့နေမှာပေါ့ဟွန့်!

9's DEEWhere stories live. Discover now