နှစ်ယောက်စလုံး မှောက်သွားချိန်မှာတော့ စိမ့် နဲ့ စိုင်းကို တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကာ ခေါင်းကိုယ်စီ ငြိမ့်ပြလိုက်ကြပြီး ပွဲသိမ်းပေး လိုက်ကြ ပါတော့တယ်။ ပြီးတော့ စိမ့် အခန်းရှိရာဖက်ကို ဦးတည်ထွက်လာခဲ့လိုက်သလို စိုင်းကို ကလည်း အနားမှာ ကျနေတဲ့ သေနတ်တစ်လက်ကို ကောက်ကိုင်ကာ နောက်ကနေ လိုက်ခဲ့လိုက်ပါတယ်။ အခန်းဝရောက်တော့ အခန်းကို အထဲကနေ တံခါးလော့ချထားတာမို့ ရုတ်တရက် ဖွင့်လို့မရပေ။ စိမ့် ကိုယ်လုံးနဲ့ တိုက်လိုက်ပေမယ့် တံခါးက ပွင့်မသွား။

စိုင်းကို စိမ့်ကို နောက်ဆုတ်ခိုင်းလိုက်ပြီး တံခါး လက်ကိုင်ဘုကို သေနတ်နဲ့ချိန်ကာ သုံးချက်ဆက်တိုက် ဆင့်ပစ်ချလိုက်ပြီး ခြေထောက်နဲ့ ကန်ချလိုက်ပါတယ်။ တံခါး လက်ကိုင်ပြုတ်ထွက်သွားပြီမို့ တံခါးကို ကိုယ်တစောင်းနဲ့ တိုက်လိုက်တော့ ပွင့်လို့သွားပါတော့တယ်။ အခန်းထဲရောက်တော့ ဘရန်တူးလက်ထဲမှာ သေနတ်နဲ့ချိန်ထားတဲ့ ဆုမွန် ရှိနေပြီး ဦးမြတ်ထန်ကတော့ ခပ်လှမ်းလှမ်းက ခုံပေါ်မှာ ကြိုးနဲ့ တုတ်ထားဆဲ။ ဦးမြတ်ထန်ရဲ့ နောက်မှာ ရပ်နေတဲ့ မင်းထက်က လက်ထဲမှာကိုင်ထားတဲ့ ဓါးနဲ့ ဦးမြတ်ထန်လည်ပင်းကို တေ့လို့ ထားပါတယ်။

“မင်းလက်ထဲက သေနတ်ကို အရင်ချလိုက် စိုင်းကိုကို။”

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် စိမ့် သွေးတွေ ဆူဝေလို့ သွားပါတော့တယ်။ ကြည့်ပါဦး အဖိုး မျက်နှာမှာ ဖူးယောင်ပြီး သွေးတွေ ပေကျံနေသလို ဆုမွန်လဲ အရိုက်အနှက်အနိုင်ကျင့် ခံထားရတာမို့ ဖရိုဖရဲနှင့် မြင်လို့ပင် မကောင်းတော့။ လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားရင်းက အသားတွေတစ်ဆတ်ဆတ် တုန်လို့လာပါတော့တယ်။ စိုင်းကို သေနတ်ကို မချပဲ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်းမှာပဲ။

“အဖိုး။”

စိမ့်အသံကြောင့် စိမ့်အဖိုးကို လှမ်းကြည့်လိုက်တော့ လည်ပင်းကနေ သွေးတွေစီးကျလို့ လာနေပါပြီ။ စိုင်းကို လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သေနတ်ကို ကြမ်းပြင်ပေါ် အသာချကာ ခြေနဲ့ ခတ်ပြီး အဝေးကို တွန်းထုတ်လိုက်ပါတယ်။

Seint (စိမ့်) << Completed >>Where stories live. Discover now