" ကိုယ်မနက်ဖြန်ကျ တကယ်ပြန်လာမှာနော် အဲ့ကျမှ ချာတိတ်မငြင်းနဲ့ အခုတော့ ကိုယ်ပြန်တော့မယ် မနက်ဖြန်အတွက်အဖြေပေးမို့ စဉ်းစားထားတော့ ကလေးလေး "
ခရာအား ထိုသ့ိုပြောကာ ညာဖက်ပါးတစ်ဖက်အား ခိုးနမ်းသွား၍ ပြေးသွားသော crushကြီးအား ထုချင်စမ်းပါဘိ
ဒီလူသားကတော့လေ ခရာကို အတော်ပြုစားနိုင်တယ် အခုလဲကြည့်အုံး လူလည်ကျပုံက ဟွန်း မုန်းစရာ အရူးကြီး ဟုသဘောကျစွာပြုံးရင်း အိမ်ထဲသို့ပြန်ဝင်ပြီး မနက်ဖြန်အတွက်စိတ်လူပ်ရှားချင်းနှင့်အတူ အိပ်ဆက်ချင်းစီသို့ သွားခဲ့တော့သည်........!••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
" အား...ကျွတ်..ကျွတ် ခေါင်းကိုက်လိုက်တာ "
သျှင်ဘုန်းစက်တစ်ယောက် အိပ်ယာမှထထိုင်ကာ ညကအဖြစ်ကို ပြန်တွေး၍ သဘောတကျနဲ့ပြုံးနေသည်က အခန်ပေါက်မှာလာရပ်နေသော ညီကိုပင် မမြင်......
" ကိုကြီး စောစောစီးစီးဘာတွေပြုံးနေတာလဲ "
" ဟမ်..အေး ဘယ်မှာပြုံးလို့လဲ "
" ဟော အခုဘဲပြုံးနေတာကို "
" မင်းလာတာ ဘာကိစ္စလဲ စောစောစီးစီးသူများအခန်းကို "
" မာမီက ခေါ်ခိုင်းလိုက်လို့ လာခေါ်တာလေ ကိုကြီးဘာသာတစ်ယောက်ထဲပြုံးလိုက်ရယ်လိုက်နဲ့ အရူးထနေပြီး သား ခေါ်နေတာကို မကြားပိးတော့ ဒါဘဲ သွားပိဗျာ "
" ဟျောင့် အကြီးကို..."
" သူပြောတာကိုပင်မစောင့်ဘဲ လှစ်ကနဲပြေးသွားသောညီအား ခေါင်းအုံးဖြင့် လှမ်းပစ်ပေါက်လိုက်လေသည် ...ထို့နောက် အိပ်ယာမှထကာ ရေချိုးပိး ချာတိတ်စီ သွားရအုံးမည်လေ
-
-
-
-
"အတွေးလေးနှင့်ပျော်ကာ သျှင်ဘုန်းစက်တစ်ယောက်အလုပ်ပင်ကောင်းကောင်းမလုပ်နိုင်ပါ သူမလေးကို ညနေတွင်ချိန်းထားသည်ဖြစ်၍ ညနေအမြန်ရောက်ဖို့ပင် သူမှာ စိတ်လူပ်ရှားကာစောင့်နေရသည်လေ...ဒီနေ့ကျမှဘဲ လုပ်လိုက်ရတဲ့အလုပ်တွေက မပြ်ီးနိုင်မစီးနိုင်ကာ လူက ပိုပင်ပန်းရသည်...သို့ပေမယ့်လည်း သူမလေးနှင့်တွေ့မည်ဆိုသော အတွေးလေးတွေးကာ ပင်ပန်းသမျှက တစ်ခဏအတွင်းပင်ပျောက်၍ လူက အလုပ်လုပ်ရတာကိုပင် ပျော်နေလေသည်...
YOU ARE READING
ကိုကိုရဲ့အရူပ်ထုပ်လေး(Ongoing)
Romance<Unicode> - ဘဝကိုပျော်ပျော်ဖြတ်သန်း အမြဲတလွဲ လုပ်တက်၍ လုပ်ချင်တာကိုရအောင်လုပ်တက်ပိး အချစ်ကို ဘဝဟုသတ်မှတ်ထားသော ညစ်ပတ်အိုးလေးသူမ မေအက္ခရာမှူးနဲ့ ဘဝကို အလေးအနက်ထား အလုပ်ကိုသာ ခေါင်းထဲထည့်ထားပိး အချစ်က ဘဝမှာ အရေးမပါသည်ဟု အမြဲပြော၍ မ...
Part 17
Start from the beginning