သူသည်းခံလာတာလွန်ခဲ့ပီ
အတွေးလွန်နေတုန်းအခန်းတံခါးဖွင့်သံကြားလို့လှည့်ကြည့်မိတော့ သူ့ယောကျာ်းဝမ်ရိပေါ်
ပြန်မလာတုန်းကမျှော်နေမိတာသူပေမယ့်
ရောက်လာတော့လဲ အထွေအထူးခံစားပီးပျော်မနေမိဘူး အော်ဒီနေ့တော့အိမ်ပြန်လာသားပဲပေါ့
ရိပေါ်ကမိုးရွှာထဲပြန်လာတာမို့ တစ်ကိုယ်လုံးစိုရွှဲနေတယ်
ရှောင်ကျန့်ကဒီလိုဆိုလဲမနေနိုင်ပြန်ပါဘူး
ရိပေါ်အတွက် အဝတ်မစားထထုတ်ပေးပီး ရေခြောက်အောင်ကူညီပေးတယ်"မောင် အိမ်ပြန်နောက်ကျတယ်နော်"
"အင်း"
ရိပေါ်အဖြေကဒီလောက်ပါပဲ
"အရင်နေ့တွေကလဲပြန်မလာဘူး"
"အလုပ်ရှုပ်နေလို့"
အဟင်းအလုပ်ကအိမ်ကသားနဲ့ယောကျာ်းကို
မေ့ရလောက်အောင်အိမ်ကိုလေးရက်လုံးပြန်မလာရလောက်အောင်ရှုပ်နေသလားလို့ ရှောင်ကျန့်အော်မေးလိုက်ချင်တယ်
စကားတွေကလည်ချောင်းထဲတွင်ထွက်မလာ
အဲ့အစားထွက်လာတာက"မောင်ထမင်းမစားရသေးဘူးမလား
သွားပြင်လိုက်မယ်နော်""မလိုဘူး!"
"ဟင် မောင်ဘာမှမစားရသေးဘူးမလား"
"မောင် မစားတော့ဘူးသည်းငယ်"
"ဟို မောင်ဗိုက်ဆာ"
ရှောင်ကျန့်စကားတောင်မဆုံးသေးရိပေါ်က ကုတင်ပေါ်တက်ပီးအိပ်နေတဲ့စော်အော်လေးရဲ့ပါးကိုနမ်းပီး အိပ်သွားတယ် ရှောင်ကျန့်သာ ရပ်နေမိတဲ့ နေရာမှာမလှုပ်မရှပ်
မောင်အရင်လိုမဟုတ်ဘူးပြောင်းလဲသွားတာ
သူသာအသိဆုံး အရင်ရှောင်ကျန့်စကားကို
အလေးထားတဲ့သူက အခုတော့
ရှောင်ကျန့် ရင်ထဲတင်းကြပ်ကြပ်နဲ့
မျက်ရည်ဝိုင်းမိတယ် ငိုတော့မငိုချင်
မောင်အိမ်ပြန်မလာတဲ့ရက်တွေမှာ သူတစ်ယောက်ထဲ ကလေးတစ်ဖက်နဲ့ ငိုခဲ့ရပေါင်းမနည်းတော့ဘူး သူမောင့်ရှေ့မှာတော့မျက်ရည်မကျချင်
ရှောင်ကျန့်ဆိုတာ အရင်ကအရာရာပြည့်စုံပီး
ရုပ်ရည်လေးကနှိုင်းစရာမရှိလောက်အောင်လှသလို မာနကလဲကြီးတဲ့လူစားမျိုး ဘယ်သူ့အပေါ်မှာမှ အလျော့ပေးရိုးထုံးစံမရှိမောင်ကလွှဲလို့ပေါ့
အတွေးတွေကိုအဆုံးသတ်ပီးကုတင်ရဲ့လွတ်နေတဲ့တစ်ဖက်ခြမ်းမှာနေရာယူလိုက်တယ် ဒီညအတွက်ခံစားရတာဒီလောက်ပဲပေါ့ သူအရမ်းပင်ပန်းနေတယ် မနက်ဖြန်ဘာတွေရင်ဆိုင်ရမလဲသူမသိ အားမွေးထားဖို့တော့လိုတယ်မလား
ကြိမ်းစက်နေတဲ့မျက်လုံးတွေကိုမှိတ်လိုက်တော့ ခနအတွင်း အိပ်စက်ချင်းဆီသို့
--------------------------------------------------------------
4.2.2023BJYXSZD
ဒရမ်မာနည်းနည်းခင်းမယ်နော် အမှားလေးတွေပါရင်ထောက်ပြပါအုံး ကောကို မိန်းကလေးလိုမျိုး နည်းနည်းထည့်သုံးထားပါတယ်
idol image ထိခိုက်လိုချင်းမရှိပါဘူးနော်
🤍
YOU ARE READING
𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )
Fanfiction"ဘယ်နေရာလွှဲမှားသွားမှန်းမသိပေမယ့် ငါတို့တွေ့ခဲ့တဲ့အချိန်တွေစောလွန်းတယ်မောင်" BJYXSZD
part1
Start from the beginning