"ငါ တကယ်စိတ်ရင်းနဲ့....ငါ ..မင်းကောင်းဖို့အတွက်ပါ Hun... အနည်းဆုံး မင်းအနားမှာရှိနေမဲ့လူအကြောင်း မင်းသိထားသင့် တယ်ထင်လို့"
Sehun ကပုံးတစ်ခုကိုခြေထောက်နဲ့ကန်ရွှေ့လိုက်ပြီးမှ အိပ်ရာ ပေါ်မှာထိုင်ရင်း
"တောင်းပန်တယ်ဆိုတာ အမှားတစ်ခုခု လုပ်ထားမိမှ တောင်းပန် ရတာပဲ။ မင်းအမှားလုပ်ထားလား KimKai"
အဲ့ဒါကိုအမှားတစ်ခုလို့တော့ သူတကယ်မထင်ပါ။ ပြီးတော့ အဲဒီ နေ့က ကိုယ်ထိလက်ရောက်ဆွဲထိုးခဲ့သူက Sehun။ သူတိတ်ဆိတ် နေမိတော့ Sehun က ဟက်ခနဲရယ်ရင်း "ပြောစရာစကားမရှိတော့ဘူး မဟုတ်လား"
"Sehun အဲဒီတရုတ်အစ်ကိုကြီးအကြောင်း ငါစုံစမ်းမိတာကို မင်းဒေါသထွက်နေခဲ့တာပဲလေ။ မင်းကိုငါ ဒေါသထွက်စေမိ ခဲ့တယ်။ မင်းငါ့ကို လက်သီးနဲ့တောင်ထိုးခဲ့တယ်မလား"
"အဲ့ဒီတော့ အခု ပြန်ဆွဲထိုးချင်လို့လား"
မထီတထီမျက်နှာပေးဟာ သူ့အချစ်ဆုံးသူငယ်ချင်းသာမဟုတ်ရင် တကယ် ကြည့်မရစရာမျက်ခွက်မျိုး ဖြစ်မှာသေချာသည်။
"တော်တော့ Sehun ငါအရင်လိုပဲမင်းနဲ့ခင်ခင်မင်မင်နေချင်တယ်"
Sehun ကဘာမှမပြောပဲ ဘေးနားက ပိုစတာကိုငုံ့ကြည့်နေသည်။ U.S Navy Seal တပ်ဖွဲ့ပုံတွေ။ Sehun က အဲဒီစစ်သားတွေကို တော်တော်သဘောကျတာ အခန်းထဲမှာလည်းအဲ့လို ပိုစတာတွေ များသည်။ Sehun ရဲ့ အကျင့်ကိုသူသိသယောင်ရှိသလိုလိုနဲ့ မသိ တာ တွေ သိပ်များလွန်းပါသည်။ တိတ်ဆိတ်မှုကို သူ သည်းမခံနိုင် တဲ့နောက်တော့
"မင်းစိတ်ပြေတဲ့အခါ ငါ့ကိုလှမ်းခေါ်ပေါ့"
သူမနှောင့်ယှက်ချင်တော့တာကြောင့် ထွက်လာလိုက်တော့မှ Sehun ကခေါင်းထောင်လာပြီး တိုးတိုးကလေး မေးသည်။
"မင်း"
သူမျှော်လင့်တကြီး နားစွင့်မိတော့
"ငါနဲ့ Luhan ကိုတားမှာလား"
သူဘာပြောရမှန်းမသိ။ ရင်ထဲမှာ ဟာခနဲ သူစိတ်တင်းပြီး လှည့် ကြည့် လိုက်တော့ Sehun မျက်ဝန်းက ကြေကွဲရိပ်တွေ ဒါဘာလဲ ဘာဖြစ်လို့လဲ။ ချစ်ရတဲ့သူရဲ့ နာကျင်မှုကိုမြင်ရတဲ့အခါ ကိုယ့် သေလု မတတ် ဒဏ်ရာကိုတောင် မေ့သွားတတ်တယ်ဆိုတာ သူယုံသွားခဲ့ပြီ။ သူ Sehun ထိုင်နေရာရှေ့မှာ အသာဒူးထောက် ထိုင်ချမိရင်း Sehun မျက်နှာကိုလှမ်းကိုင်ကာ မေးမိသည်။
YOU ARE READING
Colors of the Wind [EXO Fanfiction]
Fanfictionလေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော့ unpublished လုပ်ခဲ့ပြီး အခုတော့ စာအုပ်ဗားရှင်းကို အစအဆုံးတင်ဖြစ်ပါတယ်။ အမှတ်တရအဖြစ်ရ ဆုံး ကိုယ့်အရ...