" ဘာ "
" မင်းအဲ့ကောင်လေးကိုအမြဲဂရုစိုက်တယ် ဒါပေမဲ့မသိမသာပဲ ဟုတ်တယ်မလား "
" ကျစ်!တော်စမ်းပါကွာ "
ကျိုးချန်စကားကိုမကြားဟန်ပြုကာ ရှောင်းကျန့်လှည့်ထွက်လာလိုက်သည်။လှည့်ထွက်လာသည်ကိုမြင်ပါလျက်နှင့် လှမ်းအော်သေးသည့်ကျိုးချန်ကြောင့် ရှောင်းကျန့်မျက်မှောင်ကျုံ့ကာလှည့်ကြည့်မှသာ ပါးစပ်အားလက်ဖြင့်အုပ်၍ထွက်သွားတော့သည်။
ရှောင်းကျန့်ကျိုးချန်ထွက်သွားသည်နှင့် ရှေ့ရှိပန်းဥယျာဉ်လေးအားကြည့်ကာ....
" ကိုယ်မင်းကိုဘယ်လိုရှောင်မှ မင်းနဲ့မတွေ့ရမှာလဲကောင်လေး ကိုယ်ကမင်းကိုပြန်ချစ်လို့မရဘူးဆိုတာ မင်းဘယ်နေ့မှသဘောပေါက်မှာလဲ "
ရှောင်းကျန့်သက်ပြင်းအရှည်ကြီးအားချ၍ အိမ်ပြန်ရန်ပြုမည်လုပ်သည့်အချိန်ကြားနေကြအသံလေးကြောင့် ကျစ်တစ်ချက်စုပ်မိသွားသည်။ဒီကောင်လေးဘာပြောပြော သူ့ကိုစိတ်မဆိုးတာလား...
" ကျန့်ကောရေ "
" ကျစ် "
" ဟီး ကျန့်ကော "
" ဘာလဲကွာ ဘာလဲ ဘာလဲပြော "
" တီတီလဲ့က ကျန့်ကောနဲ့ ကျွန်တော့်ကိုစေ့စပ်ပေးမလို့တဲ့ မားနဲ့တိုင်ပင်နေတယ်သိလား "
" ဘာ "
ရှောင်းကျန့်တကယ်စိတ်တိုသွားရသည်။မားဘာတေလုပ်နေတာလဲ သူကိုယ်တိုင်ပင်မသိတော့ချေ။သူ့အခြေအနေကိုမားသိရက်နဲ့ ဘာလို့အခုလိုဒီကောင်လေးနဲ့လက်ထက်ဖို့သဘောတူနေရသနည်း။
" ကျန့်ကော ဘယ်သွားမို့လဲ "
" ငါမင်းနဲ့လက်မထက်နိုင်ဘူးဝမ်ရိပေါ် "
" ကျန့်ကော ကျွန်တော့်ကိုဘာလို့အခုလိုခါးခါးသီးသီးဖြစ်နေရတာလဲဟင် "
" ရှင်းနေတာပဲ မင်းကိုသဘောမကျလို့လေကွာ "
" အိုကေလေ အဲ့တာဆိုကျန့်ကောနောက်ကိုကျွန်တော်တက်မလိုက်ဘူး ဒါပေမဲ့တစ်ခုတော့လုပ်ပေးရမယ် "
" အေးပြော မင်းငါ့နောက်မလိုက်ရင်ရပြီ မင်းပြောတာအကုန်လုပ်ပေးမယ် "
YOU ARE READING
ZhanGe ♡ DiDi { Complete✓ }
FanfictionFicကို ficလိုပဲဖတ်ပါ ကျွန်တော်ကြည့်ဘူးတဲ့ဇာတ်ကားလေးကိုအနည်းငယ်ကျောရိုးယူထားပါတယ် တူတာက မင်းသားကအနာဂတ်ကိုသိတာနဲ့ သူကချစ်မရတာပါပဲ ကျန်တာဘယ်နေရာမှမတူပါ ကျွန်တော်စိတ်ကူးယဉ်ရေးထားခြင်းသာဖြစ်ပါတယ်။ Author _ Day∆
Zawgyi
Start from the beginning