မှားယွင်းနေသော စာရင်းစာရွက်များအား ရှောင်းကျန့် ကောက်ယူ၍ အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။

"အသစ်ပြန်လုပ်လာခဲ့..."

ရုံးခန်းတစ်ခုထဲမှာပဲ ဟိုဘက်ဒီဘက်မျက်နှာချင်း
ဆိုင်စားပွဲကိုယ်စီထားရှိထားကြသည်ဖြစ်ရာ စာရင်းများကိုအစကနေပြန်လုပ်နေသည့် ဝမ်ရိပေါ်အား ရှောင်းကျန့်သူ့စားပွဲကနေတစ်ချက်လှမ်းကြည့်လိုက်သည်။ဆူလိုက်တာကြောင့်စိတ်မကောင်းဖြစ်သွားလိမ့်မည်ဆိုတာသူသိသော်လည်း မသိချင်ယောင်ဆောင်ထားလိုက်​၏။

ဒီအချိန်မှာသူမပြောရင် နောင်တစ်ချိန်မှာသူများတွေပြောစရာဖြစ်လာမည်စိုး၍ အခုကတည်းကတိကျသည့် လူတစ်ယောက်အဖြစ်လေ့ကျင့်ပေးဖို့လိုအပ်သည်။

ရှောင်းကျန့်လည်းသူ့အလုပ်သူလုပ်နေရင်းနာရီကိုကြည့်လိုက်တော့ နေ့လယ် ၁၁ နာရီထိုးပြီဖြစ်၍ အစည်းအဝေးတစ်ခုရှိတာကြောင့် လိုအပ်သည့်စာရွက်စာတမ်းများကိုစုစည်းပြီးနောက် ရုံးခန်းထဲမှထွက်မသွားခင်...

"အစည်းအဝေးသွားလိုက်ဦးမယ်..."

"....."

"အစည်းအဝေးပြီးရင် နေ့လယ်စာစားဖို့ ကန်တင်းကဘာဝယ်လာခဲ့ပေးရမလဲ..."

ဝမ်ရိပေါ်က လက်တော့ပ်ကိုအကြည့်မပျက်ဘဲ ခေါင်းခါပြလိုက်တာကြောင့်...

"မဖြေချင်ဘူးပေါ့...ကောင်းပြီ ကိုယ်ကြည့်ပြီးတစ်ခုခုဝယ်ခဲ့မယ်...ခုနကအလုပ်နဲ့ပတ်သက်ပြီး ပြောရတာဖြစ် လို့ စိတ်မကောင်းဖြစ်နေရင်လည်း မတတ်နိုင်ဘူး..."

"ဂျိမ်း...! "

တမင်တကာ တံခါးကိုအသံမြည်အောင်ပိတ်ခဲ့သည့် ရှောင်းကျန့်က အစည်းအဝေးခန်းထဲရောက်တော့လည်း စိတ်ကသိပ်မဖြောင့်။အစည်းအဝေးပြီးသည့်အခါ အတွင်းရေးမှူးကိုမခိုင်းဘဲကုမ္ပဏီကန်တင်းကိုကိုယ်တိုင်သွား၍ နေ့လယ်စာတချို့ဝယ်ယူသည်။သောက်စရာအဖြစ်ပဲနို့နှစ်ဘူးကိုပါထပ်ဆောင်းဝယ်ခဲ့သေး​၏။

ရုံးခန်းအတွင်းသို့ရှောင်းကျန့်ပြန်ရောက်လာပြီဖြစ် သော်လည်းဝမ်ရိပေါ် က စားပွဲမှာပဲထိုင်နေဆဲဖြစ်ပြီး တစ်ချက်မနားဘဲစာရွက်စာတမ်းတွေထဲခေါင်းနှစ်ထားဟန်ရှိသည်။နေ့လယ်စာစားချိန်ရောက်နေပြီဖြစ်၍ ဝယ်လာသည့်အစားအသောက်များကို ရုံးခန်းအလယ်ကဆိုဖာတွေအလယ်ရှိစားပွဲပေါ်၌ သေချာခင်းကျင်းလိုက်ပြီးသည့်ရှောင်းကျန့်က...

T.O.X.I.CWhere stories live. Discover now