136.2.အိမ်​ထောင်ဖက်

Start from the beginning
                                    

ထော့ပါကျန်းသည် သူကြားလိုက်ရသောစကားကြောင့် ထိတ်လန့်သွားပြီး မျက်လုံးမှိတ်ကာ သူ့ဘေးတွင် အနားယူနေသော ​ကျောင်းဟွာကို ကြည့်လိုက်မိသည်။ ရုတ်တရက် တစ်စုံတစ်ခုကို နားလည်လိုက်သဖြင့် သူသည် တစ်ခဏတာ ဆွံ့အသွားခဲ့ရသည်။ မို​ဖေ့ပြည်၏ စတုတ္ထမင်းသားသည် ခရီးသွားခြင်းကိုနှစ်သက်သဖြင့် တာ့လီကို အကြိမ်များစွာ လာရောက်လည်ပတ်ဖူးပြီး တာ့လီရှိမင်းမျိုးမင်းနွယ်များနှင့် ခင်မင်ရင်းနှီးခဲ့ပုံရသည်။ အကယ်၍ သူသာ အခြားအမျိုးသမီးတစ်ဦးကို နှစ်သက်သဘောကျပါက ထော့ပါကျန်းသည် သူ၏ချစ်လှစွာ​သော ​တော်ဝင်နှမတော်များကိုပင် တွန့်တိုမိမည်မဟုတ်။ မို​ဖေ့ပြည်၏ပံ့ပိုးကူညီမှုသည် သူ ထီးနန်းတက်ရန် အလွန်အကျိုးရှိသောကြောင့်ဖြစ်သည်။ သို့ပေမယ့် သူမျက်စိကျ​နေ​သော တစ်ဖက်လူက တကယ်ကိုလီ​ဝေ့ရန်ဖြစ်​နေတယ်။

သူ အရမ်းကိုနှစ်သက်တဲ့သူ၊ အဆုံးမရှိ သူပိုင်ဆိုင်ချင်တဲ့ မိန်းမတစ်​ယောက်ကို​ပေါ့။ သူ့စိတ်ထဲမှာတော့ ဒီမပိုင်ဆိုင်နိုင်တဲ့ မိန်းကလေးက နေ့ရောညပါ သူမျှော်လင့်​နေတဲ့အရာဖြစ်လာခဲ့ရတယ်။ သူမက သူ့အတွက်​ ရှားပါးရတနာတစ်ခုလို့တောင် ပြောလို့ရတယ်။ သူမကို တခြားသူတွေကို ပေးလိုက်ဖို့ဆန္ဒ သူ့မှာ ဘယ်လိုရှိနိုင်ပါ့မလဲ! သို့သော်လည်း ထိုအချိန်တွင် ထော့ပါကျန်းသည် လီယွမ်ဟန့်၏အနည်းငယ်ပြုံးပြီး ငြိမ်သက်နေသော မျက်နှာကိုကြည့်လိုက်မိ​တော့ ဒီလူကပြင်ဆင်လာပြီး အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို ရုတ်တရက် သူသိလိုက်ရသည်။

ထော့ပါကျန်း၏နှလုံးသားထဲတွင် ​ပြောမပြနိုင်သော မ​ကျေနပ်မှုများနှင့် ပြည့်နှက်နေသော်လည်း သူ၏အမူအရာက​တော့ ပုံမှန်အတိုင်းပင်။ ခဏတာ ဆိုင်းငံ့​နေပြီးနောက် သူ၏စိတ်ကို ထိန်းချုပ်ပြီး

"ဒါဆို မင်းသားက ဆုံးဖြတ်ပြီးသား ဖြစ်​နေတာ​ပေါ့"

လီယွမ်ဟန့်၏အပြုံးသည် အနည်းငယ် ကျယ်ပြန့်လာပြီး မ​နှေးမမြန်​သော အသံဖြင့်

"မင်းသားက ကျုပ်ကို ကူညီ​ပေးနိုင်မလားဆိုတာ မသေချာသေးဘူး​လေ"

လီ​ဝေ့ရန် (ပထမတွဲ) UnicodeWhere stories live. Discover now