Chapter - 352"ဆဲဆိုကြခြင်း"

Start from the beginning
                                    

သူ၏ အပြုအမူသည် လက်ရှိအခြေအနေတွင် အကောင်းဆုံး လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်သည်။ အနက်ရောင်ဝတ်လူသည် မည်သည့်ဘက်သို့ ထွက်ပြေးပုန်းရှောင် သွားသည်ဖြစ်စေ လေပေါ်အမြင့်မှ ပျံသန်း၍ ကြည့်လိုက်သဖြင့် သေချာပေါက်ပင် တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော် မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရဘဲ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်လျက်ပင် ရှိနေခဲ့သည်။ သက်ရှိဟူ၍ ကြွက်တစ်ကောင်ပင် မရှိချေ။

ညသည် နက်သထက် နက်လာခဲ့ချေပြီ။

လမ်းမများတွင်လည်း မြူနှင်းအချို့ ကျလျက်ရှိသည်။ မှောင်မိုက်သောည နှင့် အဆိုပါ မြူနှင်းတို့ ပေါင်းစပ်လိုက်သောအခါ မြို့သည် ခြောက်ခြားဖွယ်ရာ အတိပင် ဖြစ်နေလေသည်။

တိတ်ဆိတ်မှုသည်ပါ ထပ်လောင်း၍ လွှမ်းခြုံလိုက်သောအခါ ပတ်ဝန်းကျင် အခြေအနေသည် ပို၍ပင် ကျောချမ်းဖွယ်ရာ ကောင်းလျက် ရှိသည်။

ထိုအချိန်တွင် ဂျိချန်းဖန်၏ အနားသို့ နေရောင်ဂိုဏ်းမှလူအချို့ ရောက်ရှိလာကြသည်။

လူစိမ်းတစ်ဦးမှ သူတို့ဆီသို့ တမင်လာရောက်၍ အထင်မြင်သေးစွာ စော်ကားခဲ့သည်သာမက အဖွဲ့ဝင် ဖြစ်သော ကောင်းကင်အဆင့် ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်သွားခဲ့သည်။ သို့သော် ထိုလူအား အချိန်များစွာ အားအင်များစွာ အကုန်ခံ၍ လိုက်ကြသည့်တိုင် ယခုအခါတွင် မျက်ခြေပြတ်သွားခဲ့ပြီ ဖြစ်သည်။

ဂျိချန်းဖန်၏ နဖူးတွင် ချွေးများ ပြန်လာပြီ ဖြစ်သည်။ သူ၏ မျက်လုံးများသည် ယခင်ကထက် ပို၍ စူးရှလာပြီး ပတ်ဝန်းကျင်အား စေ့စေ့စပ်စပ် ကြည့်နေမိသည်။ သိမ်းဌက်တစ်ကောင်၏ အကြည့်မျိုးနှင့်အတူ လက်ထဲတွင်လည်း ဓားအား ဆုပ်ကိုင်ထား၍  မျက်ခြေမပြတ်ပင် ရှာဖွေနေမိသည်။ ရန်သူအား ရှာဖွေနေသည့်အချိန်တွင် မကျေနပ်ချက် ဒေါသများနှင့်အတူ ဂျိချန်းဖန်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များသည်လည်း ထွက်ပေါ်လျက် ရှိသည်။

ခဏအကြာတွင် ဂျိချန်းဖန်သည် သူ၏ စိတ်အား ဒုန်းဒုန်းချလိုက်မိသည်။ ဝတ်ရုံနက်ဝတ်နှင့်လူအား လုံးဝ မျက်ခြေပြတ်သွားပြီ ဖြစ်ကြောင်း အသေအချာ သိလိုက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဒေါသကြောင့် သူ၏ အသက်ရှူသံများသည်လည်း ပုံမှန် မဟုတ်တော့ပေ။ ထို့နောက် အကြံကုန် ဂဠုန်ဆားချက် ဆိုသည့်အတိုင်း ဂျိချန်းဖန်သည် ကောင်းကင်ပေါ်သို့ မျက်နှာမူ၍ ကျယ်လောင်သော အသံနက်ကြီးဖြင့် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now