ချင်ကျင်း စိတ်ရှုပ်သွားသည်။ ထို့နောက် သူသည် နှာဖူးကို ပုတ်လိုက်ကာ

“သေပြီ! ငါမှတ်မိသလောက်ကတော့ ငါ့မှာ လက်ရည်စမ်းပွဲတစ်ခုရှိသေးတာပဲ…”

Rodriguez သည် ခေါင်းယမ်းရင်း သက်ပြင်းချလိုက်လေသည်။ အခြားကျောင်းသားများက အဆင့်သတ်မှတ်ချက်ကို ၎င်းတို့၏ဘဝတွင် အရေးကြီးဆုံးအရာတစ်ခုအဖြစ် သဘောထားခဲ့ကြသော်လည်း ၎င်း၏အနှစ်သက်ဆုံးကျောင်းသားသည် အဆင့်သတ်မှတ်ချက်များကို အမှိုက်များကဲ့သို့ အဘယ်ကြောင့် ဆက်ဆံနေရသနည်း။

"ကောင်လေး၊ ဒါက ပြိုင်ပွဲ တစ်ခုတည်းမဟုတ်ဘူး... နှစ်ခုတောင်နော်!"

Rodriguez က ချင်ကျင်းကို လက်ညိုးနှင့် လက်ခလယ် နှစ်ချောင်းထောင်လိုက်ကာ တစ်ပွဲတည်းမဟုတ်ကြောင်း အမှန်ပြင်ပေးလိုက်သည်။

"ပြိုင်ပွဲက နှစ်ခုတောင်! မင်းဘာလို့ဒီလောက်နောက်ကျမှပြန်လာတာလဲ။ ဒီပွဲနှစ်ခုလုံးကို မင်း လျှို့ဝှက်ထားနိုင်မယ်လို့ ထင်နေတာလား"

ချင်ကျင်းသည် ပခုံးတွန့်ပြလိုက်သည်။ သူသည် ဤကိစ္စကို လျှို့ဝှက်ထားရန် လုံးဝမစီစဉ်ထားခဲ့ပါ။ ထိုသို့မဟုတ်လျှင် သူသည် လောဘကြီးသည့်ကုန်သည် ရိုလင်ကို ဒီမနက်တွင် မည်သည်ကိုမျှ ပြောလိမ့်မည် မဟုတ်ခဲ့ပေ။

"ငါ မင်းကို ပြောစရာရှိတယ် ချင်ကျင်း။"

Rodriguez က ချင်ကျင်း ၏ ပုခုံးကို လေးလေးနက်နက် ပုတ်လိုက်ကာ ပြောလိုက်သည်။

"ကလေး၊ မင်း ဒီလိုကိစ္စတွေကို ဂရုမစိုက်သလို မဆက်ဆံသင့်ဘူး။ မင်းဒါကို မသိတာဖြစ်ကောင်းဖြစ်နိုင်တယ်။ ရိုလင်လေးက အဲ့ဒီပြိုင်ပွဲနှစ်ပွဲရဲ့ အချက်လက်တွေကို စီမံခန့်ခွဲမှု ဒါရိုက်တာ ခေလာဆီ ရွှေဒင်္ဂါး သုံးပြားဖိုးနဲ့ရောင်းလိုက်ပြီးပြီ။ ခေလာနဲ့ ငါ့ စကားပြောခဲ့ပြီးတော့ သူကမင်းကို ဒီတိုက်ပွဲနှစ်ခုရဲ ရလဒ်ကိုမူတည်ပြီး ပြန်လည် စမ်းသပ်ခွင့် ကို လုပ်ပေးဖို့ အခွင့်ရေးပေးမယ်လို့ပြောလာတယ်။ ဒါက မင်းနိုင်သွားတယ်ဆိုရင် မင်းက ပြန်လည်စမ်းသပ်ပွဲအတွက် အားကောင်းပြီလို့ဆိုလိုတာပဲ။ မင်းရှုံးသွားရင်တော့ ပြန်လည်စမ်းသပ်မှုကို မလုပ်နိုင်တော့ဘဲ စစ်သည်တော်အတွင်းအား စုစည်းစီစစ်မှု မှာရှိတဲ့ မင်းရဲ့အဆင့်ကတော့…”

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now