"စစ်သည်တော်အတွင်းအားစုစည်းစီစစ်မှု?"
ချင်ကျင်း၏ သက်တောင့်သက်သာရှိနေသော မျက်နှာထားသည် တင်းမာသွားတော့သည်။ ပြီးခဲ့သောနှစ်ရက်အတွင်း သူ၏ခွန်အားသည် မထင်မှတ်ထားသောနှုန်းဖြင့် တိုးလာခဲ့သည်။ စစ်သည်တော်အတွင်းအားစုစည်းစီစစ်မှု သည် ယခုအချိန်တွင် သူ့စိတ်ထဲ၌ရှိနေသော အရေးကြီးဆုံးအရာဖြစ်သည်။
“ဆရာ၊ ဘာမှဆက်မပြော ပါနဲ့တော့။ ကျွန်တော် အခုပဲ အဲ့ လက်ရည်စမ်းပွဲတွေကို သွားပြီး အဆုံးသတ်လိုက်တော့မယ်..။"
"ပြိုင်ပွဲ နှစ်ခုနော်..."
Rodriguez သည် ချင်ကျင်း နောက်မှလိုက်၍ သတိပေးနေခဲ့သည်။
"တိုက်ရမှာ နှစ်ပွဲရှိတယ်နော်! ဟုတ်ပြီ ဒါနဲ့ မင်းဘယ်ကိုသွားလိုက်တာလဲ။ ပြီးတော့ မင်းဘာလို့ နောက်ကျမှ ပြန်လာတာလဲ"
“ကျွန်တော့်မှာ အချိန်ပိုင်းအလုပ်ရှိနေတယ်။ ဆရာလည်း ကျွန်တော့် အခြေအနေကို သိပါတယ်"
ချင်ကျင်းသည် ကူကယ်ရာမဲ့ ပြောနေရင်း ခေါင်းကုတ်လိုက်သည်။
“ဟုတ်တယ် ဒီနေ့ ကျွန်တော်အလုပ်သွားတုန်းက ထူးဆန်းတဲ့လူနဲ့ တွေ့ခဲ့တယ်။ သူ့နာမည်က ဖာဘရီဒစ် ဒါမှမဟုတ် တစ်ခြားတစ်ခုများလား။ သူက စွမ်းအားကြီးတဲ့ စစ်သည်တော်တစ်ယောက်လို့ ထင်ရပြီး ကျွန်တော့်ကို မနက်ဖြန်ကျရင် သူ့အိမ်ကို လာခဲ့ဖို့ပြောနေတယ်။ ကျွန်တော့်လို ကျောင်းသားတွေက အချိန်အများစု အလုပ်ရှုပ်နေတယ်ဆိုတာ သူသိတယ်။ ကျွန်တော် သွားဖို့အချိန်မရှိဘူး..."
"ဘာ...?"
Rodriguez သည် တစ်စုံတစ်ယောက်မှ သူ့အမြီးကို နင်းသွား၍ အော်ဟစ်နေသော ကြောင်ကဲ့သို့ အော်နေခဲ့သည်။ ချင်ကျင်း ဆီသို့ လိုက်နေရင်း သူ့မျက်လုံးများသည် ကျားတစ်ကောင်ကဲ့သို့ ပြူးကျယ်သွားသည်။ သူသည် ချင်ကျင်း၏ ပခုံးပေါ်တွင် သူ့လက်ကို တင်လိုက်ပြီး သူ့ကို ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်ကာ မေးလိုက်သည်။
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်