အိမ်ထဲဝင်ရန် ကျွန်တော့်လက်ကို သူက လာဆွဲကိုင်တော့ ရုန်းပစ်လိုက်သည်။

"အသားကို လုံးဝလာမထိနဲ့ Jeon Jungkook"

"ကိုယ်..."

"ရွံတယ်"

ကျောပေးကာ ထွက်လာပြီး အိမ်ထဲသို့ ဝင်လိုက်သည်။ ကျန်ခဲ့သည့် သူ့ကိုလည်း ကျွန်တော်ဂရုမစိုက်နိုင်သလို သူ့ရဲ့ခြေလှမ်းတွေက ကျွန်တော်နဲ့ နီးကပ်စွာ ပါလာပင်မဲ့ ကျွန်တော်သည် လျစ်လျူရှုမိတော့သည်။

အလုပ်သမားတွေက ခေါင်းငုံ့ထားပင်မဲ့ စားပွဲပေါ်တင်ထားသည့် ပန်းအိုးက ကျွန်တော့်မျက်ဝန်းထဲနေရာယူကာ ထိုပန်းအိုးကို ယူလိုက်ပြီး နောက်ကနေ လာနေသည့် သူ့ကို ဒေါသအလျောက်ပစ်ပေါက်မိတော့တာ။

ရှောင်ဖယ်သွားမှုကြောင့် သူသည် အနာတရတော့ မဖြစ်သွားပင်မဲ့ သူအပါအဝင်ရှိနေသည့် အလုပ်သမားတွေကပါ ကျွန်တော့်အား အံ့ဩသလိုကြည့်လာတော့သည်။

ဟုတ်မှာပေါ့။ သူတို့ရဲ့ အိမ်ကြီးရှင်ကို ကျွန်တော်က အနာတရဖြစ်အောင် လုပ်ဖို့ ကြိုးစားလိုက်တာကို။

"Jeon Taehyung"

သူ့နှုတ်ဖျားက ထွက်လာသည့် ရှေ့ဆုံးက မျိုးရိုးနာမည်ကြောင့် ကျွန်တော် ဟက်ခနဲ ရယ်မောလိုက်မိသည်။

ဘယ်လောက်တောင် ရူးချင်စရာကောင်းလဲ။ 

"Kim Taehyung...Kim...Kim အဲ့လိုခေါ်...နာမည်မှာက Kim..."

"ကောင်လေး...ကိုယ်တောင်းပန်ပါတယ်"

"ဘာအတွက်လဲ...ဟမ် Jeon Jungkook shii...ဘာအတွက်လဲ...အငယ်အနှောင်းနေရာ ကျွန်တော့်ကို ပို့လိုက်တဲ့အတွက်လား...အိမ်ထောင်ရှိရဲ့နဲ့ ကျွန်တော့်ကိုလက်ထပ်ရလို့လား...တောင်းပန်ရုံနဲ့ပြီးလား"

"ကိုယ်မင်းဖြစ်ချင်တာလုပ်ပေးပါမယ်...ကွာရှင်းဖို့တော့မပြောပါနဲ့"

"Jeon Jungkook ခင်ဗျားက တကယ်အောက်တန်းကျတဲ့သူဘဲ...ကျွန်တော်လက်မထပ်ချင်ခဲ့တာ ခင်ဗျားသိတယ်...ဒါတောင် ခင်ဗျားက လုပ်ရပ်တယ်..ခင်ဗျားရဲ့ ဒုတိယမြောက် သက်ဆိုင်သူအဖြစ်လေ..."

တစ်အိမ်လုံးမှာ ကျွန်တော့်အသံက အကျယ်ဆုံးဖြစ်နေပြီး ကျွန်တော့်ဒေါသတွေ ပေါက်ကွဲမိတော့တာဘဲ။

Wedding RingWhere stories live. Discover now