Part -19 (Zawgi )

Start from the beginning
                                    

အိုး..သိသိ..အရင်ခေတ်ကလို မိန်းမတစ်ယောက် လင်ကောင်မပေါ်ဘဲ မွေးလို့ တရွာလုံးက ဝိုင်းဖယ်ထားတဲ့ ခေတ်မဟုတ်မတော့ဘူး..၂၁ ရာစု ရောက်နေပြီရှင်..ဘယ်သူ့ကိုမှ တာဝန်ယူခိုင်း စရာမလိုဘူး ဒီကလေးတစ် ယောက်ကို မွေးပြီး ကျွန်မတို့ သမီးလေး ဆက်ပြီး အသက်ရှင်လို့ရသေးတယ်..ဘာလဲ ကျွန်မတို့ မိသားစုက ကုန်းကောက်စရာ မရှိတဲ့ မိသားစုလည်း မဟုတ်..

မင်း စိတ်ကို ..ငါနားလည်ပါတယ်..မင်း သမီးလေးကို ဘယ်လောက်ချစ်သလဲ ဆိုတာလဲ သိတယ်..ဒါပေမဲ့ တို့မိဘ တွေအချင်းချင်း မာနပြိုင်ပြီး ငါတို့မြေးဖြစ်လာမဲ့ ဗိုက်ထဲက ကလေးအတွက် စဉ်းစားရမယ်..နန်း..

ဒါကတော့..

သူ့စကားကို စဉ်းစားသလို ဖြစ်သွားပြီး နောက်ထပ် စကားထပ်မထွက်လာ၍ သူကဘဲ..

တစ်ဖက် မိသားစုက လက်မခံဘူးဆိုတာကလည်း ဆရာကတော် တစ်ဦးတည်းပါ..ဆရာကြီးက နားလည်တယ်..သူနဲ့ ငါနဲ့ စကားပြောပြီးပြီ.. မောင်ရှိန်းခေတ်လူကို ကြည့်ပါလား..နေ့တိုင်းလိုလို သမီးလေးဆီကို လာတွေ့တာဘဲ..

ဒါက သူ့အပြစ်လုပ်ထားတာလေ..သူတို့ချင်းချင်း မေတ္တာဆိုတဲ့အရာ နည်းနည်းမှ ရှိတာမဟုတ်ဘူး..အခု ကျွန်မသမီးက မချစ်မနှစ်သက်သူနဲ့ တစ်သက်လုံး နေခိုင်း မလို့လား..ရှင်က 

ဒါကြောင့်ပြောတာ..နန်းစံရာ မင်းတို့ မိန်းမတွေ ရှုပ်ရင် တိုင်းပြည်ပျက်တယ်ဆိုတာအစအဆုံး ငါက ရှင်းပြနေရမှာလားဒီကိစ္စပြေရှင်းဖို့ သမီးလေး အတွက် အကောင်းဆုံး လုပ်နေကြတာဘဲ မဟုတ်လား.. မင်း ငါ့ကို ယုံပြီး လိုက်ခဲ့လိုက်ပါ..အားလုံး အဆင်ပြေသွားစေရမယ်..

မဖြစ်နိုင်ဘူးအဲလို အပေါ်ယံ အဖြူသုတ်ထားတဲ့ အုတ်ဂူလိုမျိုး မိသားစုနဲ့ ခမည်းခမက် မတော်နိုင်ဘူး..

ခုတောင် အဲလောက်ဆော်ကားနေတာ လက်ထပ်ပေးဖြစ်ခဲ့ရင် ကျွန်မ သမီးကို ဘယ်လောက်တောင် နိုင်ကြမလဲ..

ကျစ်..!!ဒုန်း..

အခန်းတံခါး ပိတ်လိုက်ပုံအရ ပါးပါး အပြင်ထွက်သွားပုံရသည်။ ငြင်းခုံနေတာတွေလည်း ငြိမ်ကျသွားသည်။

👑မောင့် အရှင် Where stories live. Discover now