''ဒယ်ဒီ! အင့်! ဟီး!!''

''အင်း ပြော..သမီးလေးပြော
ဒယ်ဒီရှိတယ်နော်''

''မောင်...မောင်ဘယ်လိုနေလဲဟင်
မာမီကလေ မောင့်ကိုရိုက်လိုက်တယ်သိလား''

''အင်း ဒယ်ဒီသိပြီးပါပြီ''

''ဒါဆို အခုမောင်ရောဟင်
သမီးမောင့်ကိုတွေ့ချင်တယ်''

''မရှိတော့ဘူး ငါနှင်ထုတ်လိုက်ပြီ
ခွေးကျင့်ခွေးကြံနဲ့အဲ့ဒီအစေခံသားအဖကို ငါ့အိမ်ရိပ်တောင်နင်းခိုင်းစရာအကြောင်းမရှိတော့ဘူး''

မာမီ့စကားသံကြောင့် လွမ်းဥဩငယ်အကြီးအကျယ်တုန်လှုပ်သွားရကာ တပြိုင်နက်မှာပဲလူကကုတင်ပေါ်မှလှစ်ခနဲဆင်းလိုက်၏။

''သမီး...ဘယ်သွားမလို့လဲ
သမီး!!''

ဒယ်ဒီ့ခေါ်သံကိုလည်းလှည့်မကြည့်မိတော့။ထိန်းချုပ်မရသောမျက်ရည်စတို့ ပါးပြင်ပေါ်တလိမ့်လိမ့်ကြွေဆင်းနေရင်း ကျွန်းလှေကားထစ်အရှည်ကြီးကိုမရပ်မနားပြေးဆင်းခဲ့၏။မာမီပြောသလိုမဟုတ်စေဖို့စိတ်ထဲမှလည်းအခါခါဆုတောင်းသည်။သို့သော် မောင်နေထိုင်ခဲ့သော အိမ်ငယ်လေးဆီအရောက်မှာတော့ သူမကမ္ဘာကြီးပဲ့ကြွေရပ်တန့်သွားခဲ့ရ၏။

''မ...မဟုတ်ဘူး!!''

တံခါးချပ်တွေအားသံကြိုးဖြင့်ယှက်ကာ သော့နှစ်ထပ်ခတ်ထားတဲ့ပုံစံက အရင်ဘယ်သူမှမနေစဥ်တုန်းကအတိုင်းဖြစ်သည်။မောင်မရှိတော့ဘူးလို့သေချာသွားခြင်းရဲ့နောက်မှာ လွမ်းဥဩငယ် ထိုနေရာ၌အရုပ်ကြိုးပြတ်လဲပြိုသွားရပြန်၏။ရင်ထဲမှနှလုံးသားတည်နေရာသည်လည်း တစ်စုံတစ်ခုမှားယွင်းလာသလိုခံစားရသည်။

အသက်ရှူမဝတော့ဘူး။
မျက်လုံးတွေ သဲကွဲစွာမမြင်ရတော့ပြန်ဘူး။

''ဟင်း! ဟင်း!''

''သမီး!
သမီးလေး စိတ်အေးအေးထားနော်
အသက်ကိုဖြေးဖြေးချင်းရှူ''

အနောက်မှပြေးလိုက်လာသောဒယ်ဒီက သူမကိုရင်ခွင်ထဲဆွဲပွေ့ကာ သတိမလွတ်သွားစေရန်မေးဖျားမှပင့်ကိုင်လှုပ်နှိုး၏။သို့ပါသော်လည်း ဖျော့တော့သောမျက်ဝန်းလေးများဟာ ဖွင့်ကြည့်ဖို့အနိုင်နိုင်ဖြစ်နေခဲ့ရသည်။

💞'အမုန်းတော်ခံ မိန်းမသား'💞 (Completed)Where stories live. Discover now