အခန်း ၂ ။ 'Siscon'

Start from the beginning
                                    

.............

Irene သည် သူမပြန်လည်မွေးဖွားလာပြီးနောက်၌  နတ်ဘုရားမက သူမကိုပြောပြထားသလို နေမကောင်းမှုတွေကိုလည်း မခံစားရပါချေ။

ပုံမှန်ဆို ဖြူဖျော့နေတတ်သည့် သူမအသားရောင်မှာလည်း ယခုတွင်တော့ အသားအရေဝင်းပကာ ဖြူစင်ချောမွတ်နေလေသည်။ ပါးဖောင်းဖောင်းလေးတွေမှာလဲ သွေးရောင်လေးဖြင့် အနီရောင်သန်းနေသည်ပင်။

Ireneသည် အခန်းပြင်သို့ ထွက်ကြည့်ဖို့ နောက်ဆုံး၌ ဆုံးဖြတ်လိုက်တော့သည်။ သူမသည် တံခါးကို ဖြေးညင်းစွာဖြင့် ဖွင့်လိုက်ကာ အပြင်သို့ ခေါင်းလေးပြူထွက်ပြီးအရင်အကဲခတ်လိုက်သည်။

ပတ်ဝန်းကျင်သည်ကား တိတ်ဆိတ်ငြိမ်သက်လွန်းလှပေသည်တကား။

ပြောရရင် သူမ၏အခန်းသည် စင်္ကြလမ်းတစ်လျှောက်အဆုံး၌တည်ရှိလေရာ တိတ်ဆိတ်နေသည်က မထူးဆန်းတော့ပေ။ ချမ်းသာတဲ့မိသားစုပီပီ အိမ်ကြီးမှာ တခမ်းတနားဖြင့် ကြီးမားလွန်းလှပါ၏။

Irene သည် တံခါးကိုပိတ်ကာ အပြင်သို့လျှောက်လာလိုက်‌လေသည်။  ယခုအချိန်သည် မနက် ၇နာရီသာရှိသေးပေသည်။

Irene မှာ မူလကိုယ်၏ မှတ်ဉာဏ်တို့ကိုတူးဆွရင်း ထမင်းစားခန်းသို့ ဦးတည်သွားလိုက်တော့၏။

ပုံမှန်ဆို မူလကိုယ်သည်အပြင်သို့ သိပ်မထွက်တတ် ၊ ယခုမူ သူမမှာ ညအိပ်ဝတ်စုံ ဂါဝန်လေးနှင့် အပြင်သို့ထွက်လာတာကြောင့် လှေကားကျယ်ကြီးနားတွင် သန့်ရှင်းရေးလုပ်နေသော အစေခံတို့မှာ အံ့အားသင့်နေကြလေ၏။

သူတို့မှာပါးစပ်အဟောင်းသားဖြင့် သူတို့တွေ့နေရတာ အိမ်မက်လား၊တကယ်လား ဝေခွဲမရဖြစ်နေရှာလေသည်။

Ireneသည် လူမှုဆက်ဆံရေးကောင်းသော ဆရာဝန်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ဒီဘဝတွင်လည်း လူတိုင်းနှင့် အတတ်နိုင်ဆုံး ဆက်ဆံ‌ရေးကောင်းများကို တည်ဆောက်မည်ပင်။

ရန်သူတစ်ယောက်တိုးတာထက် မိတ်ဆွေတစ်ယောက်တိုးတာက ပိုကောင်းသည် မဟုတ်ပါလော။

ထိုကြောင့် သူမသည် ထိုအစေခံတို့ကိုပြုံးကာ နှုတ်ဆက်လိုက်လေ၏။

ဟယ်ရီပေါ်တာ ဝတ္ထုထဲ၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now