ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ် - ၇

Start from the beginning
                                    

သူစိတ်တိုတိုနဲ့ဗီလာအပေါ်ထပ်ထိတက်လာပြီး ရှောင်းကောအိမ်ရှေ့မှာရပ်ကာ ဘဲလ်ကိုခြောက်ခါလောက်တီးပစ်လိုက်တယ်။ ပြီးတော့လည်း ရှောင်းကောထွက်လာတာနဲ့ ဆုံးမသြဝါဒ‌ခြွေဖို့စာသားတွေကြိုစီထားလိုက်တော့တယ်။ ဒီနေ့တော့ ရှောင်းကောကိုအနားကနေ နားပူတိုက်ရမယ်!

ဒါပေမဲ့လည်း ဖူယွမ့်ရဲ့အတွေးတွေရော အကြံတွေရောက တံခါးလာဖွင့်တဲ့ကောင်မလေးကြောင့် မျက်တောင်တစ်ခတ်အတွင်းအကုန်ပျောက်ကုန်တယ်။ အားပါးပါး ချောလိုက်တာများ ရုပ်ရှင်မင်းသမီးတောင်ရှုံးနိုင်တယ်။

" ဒီကရှောင်ကျဲကျဲ ဘယ်သူလဲမသိဘူးဗျ " ဖူယွမ့် ဝမ်းသာအားရဖြင့် လေသံကိုအချိုသာဆုံးထားကာ မေးလိုက်ပေမဲ့ ထိုကောင်မလေးသည်ဘာမျှပြန်မဖြေပဲ အိမ်ထဲခေါင်းပြန်လှည့်ကာ သူ့အားအိပ်မက်ဆိုးမက်စေမဲ့အသံဖြင့်ပြောလိုက်လေသည်။

" ကျန့်ရှုရှု ဧည့်သည်ရောက်နေတယ် "

ကြားလိုက်ရတဲ့အသံဩဩကြီးကြောင့် ဖူယွမ့် ယိုင်ကျမလိုတောင်ဖြစ်သွားသည်။

ဘယ်လို...ဘယ်လိုလုပ်ပြီး နတ်သမီးလေးက ယောက်ျားသံကြီးနဲ့။

" ဪ ဖူယွမ့်! ဝင်ခဲ့လေ "

ရှောင်းကောကလာခေါ်တာတောင် သူအသိမကပ်သေး။ ယောက်ျားသံကြီးနဲ့နတ်သမီးလိုလှနေတဲ့သူ့ရှေ့က လူကိုကြည့်ကာ ‌ထိတ်လန့်နေဆဲပင်။

" ကျန့်ရှုရှု ကျွန်တော် စာလုပ်တော့မယ် "

" စာကြည့်ခန်းထဲသွားလုပ်နေ ဝမ်ဝမ် "

ရှောင်းကောကိုကျ ပုံမှန်လေသံနဲ့ပြောနေတာမလို့ဖူယွမ့် တကယ်ကြောင်တောင်တောင်လေးဖြစ်လို့နေပြီ။ ဘာတွေလဲ ဘာတွေလဲ!

" ရှောင်းကော အဲ့ဒီရှောင်ကျဲ...အဲ ရှောင်ကော...ဟို... "

ပြောရခက်နေပုံပေါ်တဲ့ဖူယွမ့်ကြောင့် ရှောင်းကျန့်ကပဲစကားဝင်ထောက်ရတော့သည်။

" သူကယောက်ျားလေး "

ထိုအခါမှဖူယွမ့် အကြောင်းစုံကိုအနည်းငယ်မျှသဘောပေါက်သွားရသည်။

" ဪ အင်း အဲ့ဒီရှောင်ကောကောက ရှောင်းကောရဲ့တူလား "

" ဟင့်အင်း "

ဒီယောက်ျားနဲ့ ကွာရှင်းမှဖြစ်မယ်Where stories live. Discover now