အခန်း ၆၆

Start from the beginning
                                    

"ရိကျယ်၊ လုယွီမုန့် က ဘယ်​သူလဲမသိသေးဘူးမို့လား" ကျန်းဆုန်းက  ရုတ်​တရက်​​ပြောလိုက်​ပြီး ဖုရိကျယ်ရဲ့​နောက်​ကို မေး​ဆက်ပြကာ "ဟိုမှာ အပြာ​ရောင်​စကတ်​ဝတ်​ထားတဲ့တစ်ယောက်"

ဖုရိကျယ် နောက်လှည့်ကြည့်လိုက်တော့ ကော်ဖီဆိုင်ထဲကို လှမ်းဝင်သွားတဲ့ ကောင်မလေးတချို့ကို တွေ့လိုက်ရတယ်။ အပြာရောင် စကတ်ဝတ်ထားတဲ့ တစ်ယောက်က အရပ်ရှည်ရှည်နဲ့ လှပကာ တော်တော်ကို ထက်မြက်တဲ့ ပုံစံပေါက်တာကို တစ်ချက်ကြည့်လိုက်တာနဲ့သိနိုင်သည်။ ဒီလိုမိန်းကလေးမျိုးကို လူနဲ့နာမည်တွဲမိအောင် စာသင်နှစ် ၂ နီးပါးလောက် အချိန်ယူခဲ့ရတာကို တွေးမိပြီး ဖုရိကျယ် သူ့ကိုယ်သူ  တကယ်ကို တုံးအလွန်းတယ်လို့ တွေးမိသွားသည်။

လုယွီမုန့်က ဖုရိကျယ်ရှိတဲ့ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ဖုရိကျယ်ကိုမြင်တော့ ပြုံးပြပြီး နောက်ကိုလှမ်းကြည့်လိုက်ကာ ဖုရိကျယ်က ပြန်ပြုံးပြမည်အလုပ်တွင် သူမက ချက်ချင်း အရှေ့ကို လှည့်သွားသည်။

သူ လှည့်ကြည့်လိုက်တာနဲ့ ဆန့်ကျင်ဘက် စားပွဲမှာ ထိုင်နေတဲ့ လျိုဝေကို  တွေ့လိုက်ရ​ပြီး သူစိတ်မသက်မသာဖြစ်သွားသည်။ လျိုဝေက သူတို့နဲ့ ကတောက်ကဆဖြစ်ပြီးနောက်ပိုင်း သီးသန့် သူ့ဖာသာသူသာ ထမင်းစားတော့ပေမယ့် အဝေးကြီးမဟုတ်ဘဲ စားပွဲ တစ်လုံးနှစ်လုံးလောက်သာ ခြားတာမို့ ရံဖန်ရံခါ တွေ့နေရသည်။

တစ်ခါမြင်လိုက်တာနဲ့ သုံးနှစ်လောက် အန်ချင်နေရော။

ဖုရိကျယ်  အသီးအရွက်များကို ညှပ်ယူရန် ခေါင်းငုံ့ကာ လျိုဝေကို နောက်တစ်ကြိမ် မကြည့်တော့ပေ။

လျိုဝေ  အိပ်ဆောင်မှာ စကားများများစားစား မပြော​တော့တဲ့နောက် ဖုရိကျယ်  အလွန်​အေးချမ်းသွားသည်ဟု ခံစားရသည်။ သူသည် ခြောက်လပိုင်းတွင် စတုတ္ထနှစ် စာမေးပွဲကို ဖြေဆိုရန် ပြင်ဆင်ထားတာဖြစ်ပြီး နေ့တိုင်း စီစဉ်ထားသည့်အရာများအပြင် စတုတ္ထနှစ်  စာများကို ဖတ်ရန်လည်း ပြင်ဆင်ကာ ဒေတာများကိုလည်း စုဆောင်းရသည်။

"မင်းပြော မင်းပုံမှန်အတိုင်း စာမေးပွဲဖြေဖို့ရာပဲ စာဖတ်သွားရင် ဘယ်လောက်ကောင်းမလဲ" ကျန်းဆုန်းက လက်ဖ်တော့ကို ကုတင်ပေါ်တင်ပြီး အခြားသူများနှင့် စကားပြောနေရင်း "မင့် ကြည့်ရတာ စာဖတ်ဖို့ပဲ မွေးလာသလို"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ] Completed Where stories live. Discover now