♥️ အပိုင်း 44 ♥️

Start from the beginning
                                    

"နှစ်ဒေါ်လာတန်ဆိုမှတော့ နှစ်ဒေါ်လာပေါ့ မာမီရဲ့ .... "

"နှစ်ခုဆိုရင်ရော "

"လေးဒေါ်လာပေါ့...."

"သုံးခု "

"ခြောက်ဒေါ်လာလေ မာမီ ..."

.
.
.
.
.
.

"ဒါဆို 10 ခုဆိုရင်ရော ...."

"ဒေါ်လာနှစ်ဆယ်လေ မာမီ "

"အဲ့တာပဲလေ.... သားခုဏက ပြောသွားတဲ့ အဖြေတွေ အားလုံးက အလီပဲလေ....
ဒီမှာကြည့် 2 အလီကိုကြည့်လိုက်.... သားခုဏကပြောသွားတဲ့ အဖြေတွေချည်းပဲလေ.....ဒီ 2 ဂဏန်းတွေကို မာမီ ခုဏက မုန့်တန်ဖိုးအတိုင်း စဥ်းစားကြည့်လိုက်...  2 ဒေါ်လာတန် မုန့်တစ်ခုကို 2 ... နှစ်ခုဆို 4 ... 3 ခုဆို 6 .... အဲ့တာအလီပဲလေ သားရဲ့ .... ကြည့်ပါဦး မာမီ့သားက အလီကို မကျက်နိုင်တာမဟုတ်ဘဲ ချက်ချင်းကို အဖြေတွေ သိနေတာပဲ....."

မင်းစက်မှာ မာမီ့ရဲ့ ချီးကျူးစကားကြောင့် အားတက်သွားမိသည်။

ဟုတ်သားပဲ သူက အလီတွေ မရတာမဟုတ်ဘဲ အဖြေတွေကို သူ့ဦးနှောက်က ချက်ချင်း သိနေတာပင်။

"ဒါဆို မာမီ ... သားကို 3 ဒေါ်လာတန်ဟာလေး မေးကြည့်ပါလားဟင် .... သားဖြေမယ်လေ...."

သားလေးရဲ့ ဘလင်းဘလင်းဖြစ်နေတဲ့ မျက်၀န်းလေးတွေကို ကြည့်ပြီးရှင်မွေ့ ပြုံးလိုက်မိကာ ခေါင်းကို ငြိမ့်ပြလိုက်သည်။

"ဟုတ်ပြီ အဲ့တာဆို ၀က်သားကင်တစ်ပွဲကို 3 ဒေါ်လာကျတယ်ဆိုပါတော့.... နှစ်ပွဲဆိုရင် ဘယ်လောက်ကျမလဲ သား....."

"6 ဒေါ်လာ "

"3 ပွဲဆိုရင်ရော...."

"9 ဒေါ်လာ....."

"6 ပွဲဆိုရင်ရော...."

"အစဥ်အတိုင်း မမေးဘူးလား မာမီ...."

"အွန်း မာမီ ​ကျော်မေးလိုက်တာ.... 6 ပွဲဆိုရင် ဘယ်လောက်ကျမလဲ သားသိလား...."

"18 ဒေါ်လာ....ဟုတ်လား မာမီ "

"ဟုတ်တာပေါ့ သားရဲ့ 18 ဒေါ်လာ ..... အိုမို ဘယ်လိုလုပ်ရမလဲ .... မာမီ့သားလေးက အလီတွေတောင် ကျော်ပြီးပြောနိုင်နေပါလား....."

"ဒါဆို သားက.... သားက အလီတွေ မရတာ မဟုတ်ဘူးပေါ့နော် မာမီ "

"ဒါပေါ့ သားရဲ့ .... သားက အလီကို မကျက်ရဘဲ ခေါင်းထဲမှာ အလိုလိုရနေပြီးသား ဖြစ်နေတာ.... သားအရွယ်လေးနဲ့အခုလို ကျော်ပြီးသိဖို့ဆိုတာ မဖြစ်နိုင်တဲ့ ဟာကို .... ဒါဆို ခုဏက ၀က်သားကင်ကိုပဲ မာမီ ထပ်မေးမယ်နော်..... 3ဒေါ်လာတန် ၀က်သားကင် 9 ပွဲဆိုရင်ရော ဘယ်လောက်ကျမလဲ သား...."

♥️ Extraordinary Marriage ♥️Where stories live. Discover now