အခန်း - ( ၁၉ )【 U 】

Start from the beginning
                                    

ကျိယန်ဟန်လည်းထိုသို့တွေးလိုက်မိကာယွီဆွေ့ဖုန်းမျက်နှာပြင်သို့မျက်လုံးစွေကြည့်လိုက်ပြီးနောက် ၊ မျက်မှောင်ကျုံ့သွားရလျက်အနားထပ်တိုးကြည့်လိုက်ပြီး -

" မင်းဆယ်လ်ဖီတွေရိုက်နေသေးတာလား ?"

" ဟင့်အင်း ။ "

ယွီဆွေ့သည်နေကာမျက်မှန်ချွတ်လိုက်ပြီး ၊ ဖုန်းထံသို့စီးပွားရေးဆန်ဆန်အပြုံးနှင့် -

" ဒီနေ့လေ့ကျင့်ရေးလည်းမရှိဘူးဆိုတော့ ၊ ကျွန်တော်အားလုံးအတွက် outdoor ထုတ်လွှင့်မှုလေးလွှင့်ပါမယ်။
ကျိရှန်လည်းဒီမှာရှိနေပါတယ် ၊ ခေါင်းဆောင် ၊ သူတို့ကိုနှုတ်ဆက်လိုက်ပါဦး!"

ကျိယန်ဟန် : " ... "

ကျိယန်ဟန်မှာယူကျုံးမရဖြစ်လာလျက် -

" မင်းအခြေအနေကိုကြည့်ပါဦးလား ?ဟိုကောင်စုတ်လေးကဖြင့် ထွက်လာပြီးမင်းကိုလာသတ်တော့မယ် ၊ မင်းကတော့ထုတ်လွှင့်နေနိုင်တုန်းလား ?ဒီလိုဆိုမင်းနဲ့အဲ့ဒီတခြားသူတွေရဲ့ဈာပနကိုထုတ်လွှင့်ပေးနေတဲ့သူတွေက ဘာကွာခြားနေတော့မှာလဲ ?"

" တက္ကသိုလ်ဝင်ခွင့်စာမေးပွဲခန်းမရှေ့ထုတ်လွှင့်တော့ဘာဖြစ်လို့လဲ ?"

ယွီဆွေ့မှာအဆိုရှိလာပြီး -

" မြန်မြန်!ကျွန်တော်ဒီလအတွက်နာရီနှစ်ဆယ်စာလိုနေသေးတာ ၊ ဒီနေ့ဆယ်နာရီလောက်လွှင့်ပစ်ရမယ်။ "

ကျိယန်ဟန်မှာစိတ်ကုန်သွားရကာယွီဆွေ့နဲ့ပူးပေါင်းရန်အပြုံးကိုဖန်တီးလုပ်ယူလိုက်ရပြီး ၊ ပရိတ်သတ်များထံနှုတ်ဆက်လိုက်၏။
ထို့နောက်အရှက်ရလှစွာဖြင့်သူ၏မျက်မှန်တို့ချွတ်လိုက်မိကာ ၊ ယွီဆွေ့မှာသည်အရာသည်ရှက်စရာအနည်းငယ်မျှမရှိဟုတွေးမိသည်။

ဒီအတိုင်းထိုင်စောင့်နေဖို့ ဒီလောက်ပျင်းဖို့ကောင်းတာ ၊ ထုတ်လွှင့်လိုက်တာဘာမှားလို့လဲ ?

" ကျွန်တော်တို့ဘာလုပ်နေကြတာလဲ ?Luo ကိုစာမေးပွဲလိုက်ပို့တာလေ။ ဟုတ်တယ် ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ။ "

ယွီဆွေ့သည်သူ့ခြေထောက်တို့အားဆန့်လိုက်ပြီး ၊ တရားနည်းလမ်းကျသည့်စကားတို့အားထုတ်ဖော်ပြောဆိုလာလျက်။

မြူအုပ် || ဘာသာပြန်Where stories live. Discover now