ထို့နောက် သူ့ရှေ့မှာ ချထားသည့် ထမင်းပန်းကန်ထဲ အရက်တွေကို စိမ်ပြေနပြေ လောင်းထည့်သည်။

အရက်တွေကို လောင်းထည့်နေရင်း ဆော့ဂျင်ကိုတစ်ချက်မော်ကြည့်ကာ..

"ဆရာလေး..အရက်နံ့ခံနိုင်ရဲ့လား.."

ဆော့ဂျင်မှာ ကြောင်အအမျက်နှာထားနှင့်..

"ခံနိုင်ပါတယ်.."

ပြီးနောက် အန်ကယ်ဂျွန်က အရက်ထမင်းကို တစ်ဇွန်းခတ်၍..

"ကျွန်တော့အတွက် အရသာအရှိဆုံး မနက်စာကို ကျွန်တော်မစွန့်လွှတ်နိုင်လို့ပါ..ဆရာလေး အမြင်မှာ မတင့်တယ်သလို ဖြစ်သွားရင် အရက်ကိုအပြစ်မမြင်ပါနဲ့.. ကျွန်တော့ကိုပဲ အပြစ်မြင်ပေးပါ.."

တောင်းပန်တာလား..ခွင့်ပြုချက်တောင်းတာလား..ဘာမှန်းမသိတဲ့ စကားတွေရဲ့ နောက်မှာတော့ အရက်ထမင်းကို မြိန်ရှက်မှာ သုံးဆောင်နေပြီဖြစ်သော အန်ကယ်ဂျွန်..

"သုံးဆောင်လို့ရပါပြီ ဆရာလေး.."

ကြီးတော်နှင်းရဲ့ အသံနောက် ဆော့ဂျင်သတိပြန်ဝင်လာပြီး သူ့ရှေ့က ထမင်းကြော်ကို တစ်ဇွန်းခပ်စားလိုက်သည်။

ဟင်..

ကောင်းလိုက်တာလို့ မဆိုနိုင်လောက်အောင် ကောင်းမွန်လွန်းတဲ့ လက်ရာပါလား..

နောက်တစ်ဇွန်း..

ထပ်မံ၍နောက်တစ်ဇွန်း..

ဆော့ဂျင်မှာ အန်ကယ်ဂျွန်ရဲ့ စူးစူးရှရှ အရက်နံ့ကို သတိမထားမိတော့ဘဲ သူ့ရှေ့က ထမင်းကြော်ကိုသာ အားပါးတရ သုံးဆောင်နေမိတော့သည်။

"စားလို့အဆင်ပြေရဲ့လား ဆရာလေး.."

ကြီးတော်နှင်းရဲ့ အမေးနောက် ဆော့ဂျင်လက်မလေးထောင်ရင်း ခေါင်လေးသာငြိမ့်ပြနိုင်သည်။

"တော်တော်ကို စားလို့ကောင်းတယ်..ကြီးတော်နှင်းရဲ့ ဟင်းချက်လက်ရာ တကယ်ကောင်းတာပဲ.."

ကြီးတော်နှင်းက ပီတိဝေဆာစွာ ပြုံးသည်။

"မိနှင်းက ဟင်းချက်သိပ်ကောင်းတယ်.."

သူကိုယ်တိုင် တီထွင်ထားတဲ့ ဟင်းအမယ်ကို မြိန်ရှက်စွာစားသောက်ရင်း အန်ကယ်ဂျွန်ကထောက်ခံသည်။

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now