"ကလေးတွေ အဖေသာသိရင် ဒီ့ကိုလာဆူနေဦးမှာ"
"ကလေးအဖေက နင်ဖြစ်နေရင်ကော"
"မဖြစ်နိုင်တာ"
"စတာပါဟယ် နင်ကလည်း မျက်နှာကြီးဆူပုတ်နေတာပဲ၊ ဟိုမှာ ဆရာမတွေစုဝေးနေကြတာ ဘာလုပ်မလို့လဲမသိဘူး ။ ငါသွားစပ်စုလိုက်ဦးမယ်"ထွက်သွားသော ဒီ့ရဲ့ကျောပြင်ကိုကြည့်ရင်း ကလေးတွေရဲ့ မိဘအမည်ကို ကလေးတွေဆီမေးကြည့်ရင်ကောင်းမလား စဉ်းစားနေလေသည်။ ငုဝါပြောလည်း ပြောချင်စရာ ကလေးတွေက သူနဲ့တူတာ သူကိုယ်တိုင်ခံစားမိသည်။ ရုပ်တူ၍လားမသိ တော်ရုံကလေးတွေကို မခင်တတ်သော သူ ဒီကလေးသုံးယောက်ကိုတော့ မသိစိတ်က ခင်တွယ်နေမိသည်။ သူတို့လေးတွေရဲ့ အမေသာ ပန်းငုဝါဆိုရင်တော့ ကလေးတွေက သူရဲ့...။ မဖြစ်နိုင်ဆိုပြီး သူ့အတွေးကိုချက်ချင်းရပ်ပစ်လိုက်သည်။ ကလေးတွေကိုလှမ်းကြည့်လိုက်တော့ စားပြီးကြလို့ လက်ဆေးနေကြသည်။
ထိုစဉ် စန်ဒီရောက်လာကာ"ဆရာမတွေက ကလေးတွေနဲ့ မတူသီချင်းနဲ့ ကကြမလို့တဲ့ လင်းရော ပါဦးမလား။"
"မပါ.ပါဘူး"
"အဲ့ဒါဆိုလည်း ငါ ကနေတာ videoရိုက်ပေးထားနော်။ ပြီးရင် airdropနဲ့ ပို့ပေးနော်""အင်း"
ဆရာမနှစ်ယောက်နဲ့ စန်ဒီ စက်ဝိုင်းပုံစံရှိသော ကလေးတွေကြားရပ်နေလိုက်သည်။ Gummy Bearသီချင်းဖွင့်တော့ ဆရာမနှင့်အတူ ကလေးတွေက နေကြသည်။"Oh I'm a gummy bear. Yes , I'm a gummy bear.
Oh I'm a yummy tummy funny lucky gummy bear "လင်းထက် ဖုန်းကင်မာရာဖွင့်ပြီး စန်ဒီကနေတာရိုက်ပေးဖို့ ရည်ရွယ်ထားသော်လည်း ဝတုတ်တုတ်လေးတွေနဲ့ ဝက်ဝံအမူအယာလုပ်နေသော ကလေးသုံးယောက်ကိုတွေ့တော့ သူအလိုလို ကလေးတွေဆီ ရောက်သွားသည်။ ကျန်တဲ့သူတွေဘာမှ မမြင်တော့ပဲ တလှုပ်လှုပ် ကနေသော ကလေးသုံးယောက်ကို ကြည့်ကာ သူမှာ သူကိုယ်တိုင်တောင်မသိလိုက်ခင် အားပါးတရပြုံးကာ ကလေးတွေရဲ့ ချစ်စရာကောင်းစွာ ကနေတာကိုပဲ အမိအရ videoရိုက်နေမိသည်။
စန်ဒီသူ့ကိုလာခေါ်မှ လင်းထက် သူရိုက်ထားသော videoကိုကြည့်ရာမှရပ်လိုက်ရသည်။ ကလေးတွေ ကပြီးလို့ မောသွားကြပြီ။ ခနနားပြီး Artချိန်မို့ ဆေးရောင်ခြယ် ပုံဆွဲကြမည်ဖြစ်သည်။ ခေါင်းစဉ်က "ကျနော် ချစ်သောအရာများ"ဖြစ်သည်။
အုပ်စုလေးဖွဲ့ ဖွဲ့ကာ ဆရာမနှစ်ယောက် စန်ဒီနှင့်သူ ပါဝင်ပြီး လူကြီးတစ်ယောက်စီ ကလေးအဖွဲ့ထဲပါကြလေသည်။ လင်းထက် ဟိုကလေးသုံးယောက်ပါသော အဖွဲ့ထဲဝင်လိုက်ပြီး သူပါ ပန်းချီဆွဲနေလိုက်သည်။ ခေါင်းစဉ်နှင့်ကိုက်ညီစွာ သူလည်းဆွဲနေသည်။
အားလုံးဆွဲပြီးချိန် အချင်းချင်းပုံတွေပြကြသည်။ ပုံလေးတွေအကြောင်း ပြောကြသည်။ သူ ကလေးသုံးယောက်ရဲ့ ပုံတွေကိုကြည့်လိုက်တော့ သုံးယောက်လုံးက တူညီစွာ သူတို့မေမေနှင့် သူတို့သုံးယောက်အပုံကိုဆွဲထားကြသည်။ ကလေးတွေကလည်း သူဆွဲထားသည့်ပုံကိုပြရန်ပြောလို့ ကလေးတွေကို ပြလိုက်သည်။ လင်းထက်ဆွဲထားသည့်ပုံက ကလေးသုံးယောက်၏ပုံဖြစ်သည်။ ကလေးသုံးယောက်ကလဲသူတို့ပုံနှင့်တူအောင်ဆွဲထားသည့် သူ့ကိုတအံတအောကြည့်ကာသူ့အနားတိုးလာသည်။ လင်းထက်လည်း ကလေးတွေဆွဲထားသည့် သူတို့အမေသာပါသည့်ပုံကို စိတ်ဝင်တစားကြည့်ရင်း။
"ကလေးတို့က မိသားစုလေးယောက်ထဲလားဟင်"
"ဟုတ် မေမေနဲ့ကိုကိုနဲ့ကမ္ဘာလေးက ဒါဒါ့အချစ်ဆုံးတေယေ"
သူက ပုံကိုစူးစိုက်ကြည့်နေတာကိုမြင်သည့် အကြီးဆုံးကောင်လေးက
"တားတို့ဖေဖေက တားတို့နဲ့ အဝေးကြီးမှာ နေနေတာတဲ့ ဘယ်ဒေါ့ပြန်လာမှာတော့ မသိဝူးတဲ့ မေမေကပြောတယ်"
သူကိုကြည့်ပြီး သဘောဘောပေါက်လွယ်ပြီး ဉာဏ်ကောင်းသော ကလေးကိုကြည့်ကာ"ကလေးတို့မေမေနာမည်က ဘယ်သူလဲဟင်"
သူရင်တထိတ်ထိတ်ဖြင့် ကလေးတွေရဲ့အဖြေကိုနားစွင့်နေမိလေသည်။
.................................................................................
မနေ့ညက အလုပ်ပြီးတာနဲ့ ၇ နာရီမှာ တန်းအိပ်ပျော်သွားလို့ အပိုင်းသစ်မရေးနိုင်လိုက်တာ။ မျှော်နေတဲ့သူတွေကိုတောင်းပန်ပါတယ်။ ဒီနေ့ နည်းနည်းတိုသွားတယ်။နော်အခုတလော အလုပ်တွေရှုပ်နေလို့ပါ။
အားလုံးလည်းလကျန်းမာရေးဂရုစိုက်ကြပါ။ပုံက သုံးမွှာပူးပုံရှာရင်း နော် ကြိုက်လို့ 🤭
အခန်း(၁၄)နောက်ထပ်တစ်ကြိမ်
Start from the beginning