" မကိုင်ရင်ကျွန်တော်ဘယ်လိုထရမှာလဲလို့ ဗြဲ !!! "
" စိတ်ရှုပ်စရာဘဲ ! "
ထိုကောင်စုတ်လေးကိုခွင့်ပြုပေးကာထူပေးတော့အသားယူချက်ကကုမ်းကုန်သည်။ကိုယ့်အပြစ်နဲ့ကိုယ်မို့ငြိမ်နေရသည်။ထူပေးပြီးကားထဲပစ်ထည့်လိုက်သည်။
" ဟ ဖြေးဖြေးလုပ်ပါမမရယ် ကားတိုက်ခံထားရတဲ့လူပါဗျ "
" မင်းပုံကကားတိုက်ခံရတာနဲ့မတူဘူး ကားရှေ့ပြေးဝင်မိလို့ချော်လဲတာနဲ့တူနေတယ် ! "
သွယ့်စကားကမှန်နေသည်မို့ရှိန်းသတိုးနေမထိထိုင်မသာဖြစ်သွားသည်။
" အဟွမ့် အမယ်လေးခေါင်းမူးလိုက်တာဗျာ ခြေထောက်ကလည်းအရမ်းနာလာပြီ ! ဆေးခန်းပို့ပေးပါ ! "
သွယ်လည်းသက်ပျင်းချကာဘာမှဆက်မပေးတော့ဘဲကားပေါ်တက်လိုက်သည်။
" မမ ချစ်သူရှိလားဟင် "
သွယ့်ဆီကအဖြေသံမကြားရပေ။ရှိန်းသတိုးလည်းလက်မလျှော့ကာထပ်မေးသည်။
" မမဘယ်မှာနေတာလဲ "
ထပ်မံပြီးဘာသံမှမကြားရချေ။
" မမဘာအလုပ်လုပ်...! "
" ကျွီ !!! "
" ဘုတ် ! အာ့ ! "
သွယ့်ရဲ့ကားဘရိတ်ဆောင့်အုပ်လိုက်မှာကြောင့်ရှိန်းသတိုးကားဘောင်နဲ့ခေါင်းဆောင့်မိသွားသည်။
" ရောက်ပြီဆေးခန်း "
ရှိန်းသတိုးဘဝမှာဒီလိုမိန်းကလေးမျိုးမမြင်ဖူးခဲ့ချေ။ရှိန်းသတိုးကိုချေမိုးနိုင်တဲ့တဦးတည်းသောမိန်းကလေးမို့ပိုစိတ်ဝင်စားလာသည်။
ထိုစိတ်ရှုပ်စရာကောင်လေးကိုဆရာဝန်ပြပေးပြီးစောင့်ပေးနေရသည်။
" စိတ်ပူစရာမရှိတော့ပါဘူး ခြေထောက်ခေါက်သွားရုံပါ ဆေးလိမ်းပြီးပတ်တီးစည်းပေးထားပါတယ်ဗျ "
" ကျေးဇူးတင်ပါတယ်ဒေါက်တာ "
ဆရာဝန်ထွက်သွားတော့ထိုကောင်လေးကိုလက်ပိုက်ကြည့်လိုက်သည်။
" ကဲပြောစမ်းပါအုန်း ! ကားနဲ့တိုက်မိတာဆိုအရိုးမကျိုးသေးဘူးလား တကယ်ဆိုဆေးခန်းပြရတာနဲ့တန်အောင်အရိုးပါချိုးပေးပြီးမှခေါ်လာလိုက်ရမှာမဟုတ်လား ! "
YOU ARE READING
မောင်ဟုခေါ်သည်(ေမာင္ဟုေခၚသည္)
Non-Fictionဒါဟာမောင့်ကိုချစ်မိတဲ့ငါ့ရဲ့ေနာက်ဆုံးမာနဘဲ ဒါဟာမောင့်ကိုချစ်မိတဲ့ငါ့ရဲ့နောက်ဆုံးမာနဘဲ