*ရွှေရည် ဟိုတစ်ယောက်က နင့်ကို ကြည့်နေတာနော် မျက်လုံးကြီး ကျွတ်ကျမတတ်ဘဲ*
*ချောလို့နေမာပေါ့ အတိုးရဲ့*
*အဲ့လို အကြည့်မဟုတ်ဘူး အခုက စိတ်ဝင်စားနေတဲ့အကြည့်ဟ ဟုတ်တယ်မလား ခေတ်*
*အေးဟုတ်တယ် *

ခေတ်တို့လည်း ပြင်ဆင်လို့ ပြီးကြပြီဖြစ်သည်။
နိုင်လင်းနဲ့ မင်းခန့်က တော့ ရေချိုးဖို့ တောင် သတိမရတဲ့ပုံပင် ကုလားသေ ကုလားမော အိပ်နေလိုက်ကြတာ များ။ ခေတ်တို့ သုံးယောက် ပြိုင်တူ သံပြိုင် အော်ပစ်လိုက်ကြသည်။

*အောင်မယ်လေးဗျာ ဘာတွေလည်း*
*ဟဲ့ ဘာတွေလည်း မနေနဲ့ ရေတံခွန် မလိုက်ကြဘူးလား*
*ဟင် ဘယ်ချိန်ရှိပြီလည်း*
*မနက် 9 နာရီ ထိုးနေပြီဟဲ့ နေဖင်ထိုးနေပြီ*
‌*ဟင်*
*ဟာ *
*ထပြီ အခု နင်တို့ ထွက်တော့*

သနားစရာခေတ်ကလေးကတော့ ထော့နဲ့ ထော့နဲ့ ဖြင့်သာ မျက်နာလေးမဲ့နေလေသည်။

မနက်စာကို ဟိုရောက်မှ ဆိုင်ဝင်စားကြမယ်ဆိုလို့
ဗိုက်ဆာဆာနှင့် အောင့်အီးနေကြရသည်။ခေတ်က အစာအိမ်လည်းရှိတော့ ပိုဆိုးသည်။ ဗိုက်ကလေးနှိပ်ကာ ‌ကား ‌အစွန်လေးတွင် ခြေထောက်လေးပါ ခုံပေါ်တင်ပြီး ကွေးကွေးလေးပင်။
ရှေ့ခုံတွင်တော့ ဟိုညီကိုနှစ်ယောက် .....
အလယ်ခုံတွင် ဟိုအမကြီးတွေ ထိုင်ကြသည်။
ခေတ်တို့ကတော့ နောက်ဆုံးအတန်းတွင်သာ။

ခွန်း ကလေးမလေးဆီကိုသာ စိတ်ကရောက်နေမိသည်။ ကားဘတ်မှန်ထဲကနေလှမ်းကြည့်တော့လည်း ဗိုင်ကလေး ဖိနေတာကိုမြင်ရသည်။ ဗိုက်ဆာလို့များလား ။ခနလေးဘဲ စောင့်ပါ ကလေးရယ် ရှေ့နားဆိုရောက်ပြီ။

*ကယ် ထမင်းစားပြီးမှ ရေကစားကြနော်
လူတွေတော့များတယ် အဝေးကြီးလျှောက်မသွားကြနဲ့*
*ဟုတ်ကဲ့*
*ဟုတ်ကဲ့*
*ဟုတ်ကဲ့*
*ဟုတ်ကဲ့*

ဟိုကလေး လေးယောက်က လိမ်မာ သလောက်
ကလေးမကတော့ ပြန်မဖြေပေ။ နူတ်ခမ်းလေးပြာကာ ဘာဖြစ်နေတာလည်း သေချာမသိပေ။

*ကိုခွန်း တူတူစားရအောင်လေ*
*မျက်နာတွေမြင်ရင် စားမဝင်မှာစိုးလို့ သက်သက်စားမယ်*

စကားလုံးနှင့်တင် သေတယ်ဆိုတာ ဒါမျိုးဖြစ်မည်ဟု မိချော တွေးနေမိသည်။

ခများ ပိုင်တဲ့ ကောင်မလေး(Completed)Where stories live. Discover now