"အမ် ... မော်တယ်ဧကရာဇ်ကမ္ဘာရဲ့ အလှဆုံးမိန်းကလေးကို သခင်လေးရဲ့ လက်အောက်ကို သိမ်းသွင်းချင်တယ်လို့ ပြောချင်တာလား ..."ချန်ပေါင့်ကျန်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း မေးသည်။

     ချက်ချင်းပင် လီကွမ်ရီက ခေါင်းကို ခါလိုက်သည်။
     "ထာဝရမြစ်ကျောင်းတော်ရဲ့ လူအိုကြီးက ငါ့ရဲ့မျက်နှာသာပေးမှုကို ရချင်နေတယ်လေ၊ ဒါကြောင့် ဆုယောင်ကို အခွင့်အလမ်းတစ်ခု ပေးလိုက်တာပါ ..."

     "နတ်သမီးမယ်က မော်တယ်ဧကရာဇ်ကမ္ဘာရဲ့ နာမ်ပါတ်တစ် အလှပိုင်ရှင်လေ၊ သူမကို စည်းရုံးကြည့်သင့်တယ်နော် ..."ချန်ပေါင့်ကျန်းက စနှောက်လှောင်ပြောင်လိုဟန်ဖြင့် ဆက်ပြောသည်။
     "ဒီကမ္ဘာပေါ်မှာ သခင်လေးကလွဲပြီး ဘယ်သူကများ သူ့ကို ရနိုင်မှာလဲ ... စိတ်ကူးမလွဲပါနဲ့"

     "မင်းမှားနေပြီ၊ မင်းရဲ့ သခင်လေးက ဒါတွေကို ဂရုမစိုက်ဘူး"လီကွမ်ရီက ပြုံးပြီး ခေါင်းခါလိုက်သည်။

     "သူမကို ခေါ်နိုင်ရင် မဆိုးဘူးနော်၊ ဘာလို့ မခေါ်ချင်ရတာလဲ ..."အမြဲတမ်း စကားနည်းတတ်တဲ့ လီရှောင်းရန်ပင် လီကွမ်ရီရဲ့ စကားကြောင့် ဝင်မေးလိုက်မိသည်။

     "ငါ့ရဲ့ အချစ်ဇာတ်လမ်းတွေကို စိတ်ဝင်စားမနေကြနဲ့ ..."လီကွမ်ရီက ပြုံး၍ ဆက်ပြောသည်။
     "မကြာခင်မှာ နတ်ဆိုးအင်ပါယာကမ္ဘာထဲ မင်းတို့ကို ခေါ်သွားမယ်၊ ဒါနဲ့ ချူးယွင်က ဘာလို့ လိုက်မလာရတာလဲ ..."

     ယခင်က ယဲ့ချူးယွင်ကို ကတိပေးခဲ့ဖူးသည်။ ဗုဒ္ဓကုန်းမြင့်ကို လာခဲ့ဖို့နဲ့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခုရအောင် လုပ်ပေးမည်ဟု ပြောခဲ့သည်။ သို့သော် ယဲ့ချူးယွင်က ယခုအချိန်အထိ ရောက်မလာခဲ့သေးပေ။

     "ငါမသိဘူး"ချန်ပေါင့်ကျန်းက ပခုံးကို အနည်းငယ်တွန်းပြီး ဆက်ပြောသည်။
     "သူဘာတွေဖြစ်နေတယ်ဆိုတာ ငါလည်း မသိဘူး၊ ဒါပေမယ့် သူက အတော်လေး ပြောင်းလဲသွားတယ်လို့ ငါခံစားရတယ်"

     "သူမက တစ်ခုခုကို ဆုံးဖြတ်ရခက်နေပုံ ရတယ်"လီရှောင်းရန်က တွေးတွေးဆဆဖြင့် ဝင်ပြောသည်။
     "ငါ့အမြင်အရဆို သူမရဲ့ သခင်လေးအနောက်ကို လိုက်ချင်ပါတယ်၊ ဂိုဏ်းကို ပြစ်ထားရမှာမို့ မလာဖြစ်တာနေမှာပါ"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now