အခန်း - ၃၄||ဒီ Boss မှာနောက်ခံ နည်းနည်းတော့ရှိတယ် - ၂||

Start from the beginning
                                    

တင်းယိ က ​ဆေးသုတ်ထားသည့် သစ်သား
တံခါးကို တိတ်တဆိတ်ကြည့်လိုက်ပြီး
မုယွဲ့ ရှီး နဲ့ အကြည့်ချင်း ဖလှယ်လိုက်တယ် ။

မုယွဲ့ ရှီး က တစ်ခွန်းတည်း ပြန်​ဖြေ
​ပေးလာသည် ။ " ဒီ​နေရာပဲ "

တင်းယိ မျက်လုံး​တွေမှာ ပြူးကျယ်သွား
မိသည် ။ ​ေ-ာက်ချီး ! ဒီကိစ္စက ​, ကိစ္စ​
​သေး​သေးလေး မဟုတ်​တော့ဘူး !!
အဲ့ဒီ့ ယွမ်ခုန်း ကျန်းရန် ချိပ်ပိတ်ထားတဲ့​နေရာ
က တကယ့်ကို ကြီးကျယ်တဲ့ ပြသနာပဲ ဖြစ်
ရမယ် !!

[ mission ရဲ့ အဓိက အချက်ကို
ရှာ​ဖွေ ​တွေ့ ရှိခဲ့ပါတယ် ။ " ယွမ်ခုန်း ကျန်းရန် "
ဇာတ်​ကောင် အချက်အလက်​တွေကို ပြန်လည်
ရယူ​နေပါတယ် ​ကျေးဇူးပြုပြီး ​စောင့်ဆိုင်း​ပေး
ပါ ..... ]

system ရဲ့ သတိ​ပေးချက်ကို ကြားလိုက်ရ
အပြီးမှာ​တော့ သူမ က ဒီကိစ္စရဲ့ ​နောက်ကွယ်
က လူ နှင့် နီးစပ်​နေပြီဆိုတာ သိလိုက်ရသည် ။

သူမ က စိတ်ရှုပ်​ထွေး​နေသည့် အမူအရာဖြင့်
အဘိုးအိုဘက်သို့ လှည့်ကြည့်ကာ စိုးရိမ်တကြီး
​ပြောလိုက်သည် : " ရှင် ဘာကို ​စောင့်​နေတာ
လဲ ? တံခါးကို ဖွင့်လိုက်​တော့ "

အဘိုးအို ရဲ့ မျက်နှာမှာ ဖြူ​ဖျော့သွားပြီး
သူ့ အသံမှာ ဆိုးဆိုးရွားရွား ကို တုန်ယင်လာ
ကာ -
" အဲ့ဒါ...အဲ့ဒါက .... ဘယ်လိုလုပ်ဖြစ်နိုင်
မှာလဲ ? ဒီ တံခါးကို ကျုပ်တို့ သွားဖွင့်လို့
မရဘူး ၊ ကျုပ်တို့​တွေ ချိပ်ပိတ်ထားတာ
ကိုသာ သွားဖွင့်လိုက်မိရင် အားလုံးပြီးဆုံးသွား
လိမ့်မယ် .... "

" ရှင် တံခါးမဖွင့်ပဲ ဒီတိုင်းဆက်သွား​နေရင်
ရှင့် သခင် ​သေသွားလိမ့်မယ် ၊ လုပ်မှသာလုပ်
စမ်းပါ "
တင်းယိ က ​အေးစက်စက်ပဲ​ပြောလာသည် ။
အဲ့ဒီ့​နောက်မှာ​တော့ သူမ က ရယ်စရာ​မ​ကောင်း
တဲ့ စကားတစ်ခွန်းကို ထပ်​ပေါင်းထည့်ကာ
​ပြောလိုက်တယ် ။ " အာ , မိုး​တောင် ချုပ်​တော့
မှာပါလား .... "

" မိန်းက​လေး ​ကျေးဇူးပြုပြီး ကျုပ်
ကို မ​ခြောက်ပါနဲ့ ! " လူအိုကြီး မှာ
အထိတ်တလန့် အ​နောက်ကို ဆုတ်သွားခဲ့သည် ။
တင်းယိ ဘက်က လုံးဝ ကို အ​လျှော့မ​ပေးနိုင်သည်
ကို မြင်​တွေ့ လိုက်ရ​တော့ စိတ်ရှုပ်​ထွေးတဲ့
အမူအရာဖြင့် ​တောင်းပန်လာခဲ့သည် -
" ဒါက.... ဒါက ကျုပ် ဆုံးဖြတ်လို့ရတဲ့
ကိစ္စမဟုတ်ပါဘူး ! မိန်းက​လေး ခဏ​တော့​
စောင့်​ပေးလို့ရမလား ? ကျုပ် သခင်မ
ကို သွား​မေးကြည့်လိုက်ပါ့မယ် "

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now