"ဒီဒီမအိပ်​​သေးဘူးလား..."

ကုတင်​​ဘေးကခုံမှာဝင်​ထိုင်​လိုက်​ပြီး..
မျက်​ခုံးပင့်​ချီကာဖြင့်​...

"မင်းလိုပဲ​ပေါ့..."
ကမ်းက နှုတ်​ခမ်းဖွင့်​ဟပြီးပြုံးရယ်​သည်​။
"ကမ်းနား.."
ရေလှိုင်းက​ခေါ်​တော့ ​ပြောဟူ​သောသ​ဘောဖြင့်​​မေးဆက်​ပြသည်​။

"မင်း..​ငွေအိမ်​ငယ်​ကိုသ​ဘောကျ​နေတာလား..."

"မ​ငွေအိမ်​ငယ်​က...ပုရိသ​ယာကျာ်း​တွေ​သေ​ဘောကျစရာ​ကောင်းတဲ့typeပဲမဟုတ်​လား...ကျွန်​​တော်​သ​ဘောကျမယ်​ဆိုရင်
မမြားပါဘူးဒီဒီရ.."

"မှားတယ်​...မင်းသိပ်​မှားတာ​ပေါ့..ကမ်းနား.. ပုရိသ​ယောကျာ်းတိုင်းစွဲမတ်​​စေတဲ့
မိန်းမကိုချစ်​မိရင်​အမှားဆုံးပဲ​ပေါ့..
အဲ့ဒီလိုမိန်းမကပဲ...မူယာမာယာ​တွေများတာ ငါလုံးဝသ​ဘောမတူဘူး​နော်​ကမ်းနား..."

"ဟင်း...ဒီဒီကလည်း...ဘွား​တော်​ကိုဒီဒီ​ရွေးချယ်​တာ...ကျွန်​​တော်​သ​ဘောမတူပါဘူးလို့မ​ပြောခဲ့ဘူး​လေ..ကိုယ့်​ရွေးချယ်​မှုနဲ့ကိုယ်​ပဲ​ပေါ့.."

"ကမ်းနား..မင်း..ဒီဒီ့ကိုအရွဲ့တိုက်​တာလား...မင်း..ဒွိကိုသ​ဘောမကျဘူးဆိုရင်
ငါလက်​​လျှော့လိုက်​လို့ရတယ်​..
မင်း..​ငွေအိမ်​ငယ်​ကို​တော့မချစ်​ရဘူး."

"ဒီဒီ...ကျွန်​​တော်​ကအဖြစ်​​ပြောပြတာပါ
ဒီဒီ့ကိုအရွဲ့တိုက်​တာမဟုတ်​ပါဘူး..
နှလုံးသားကိုဖိအား​ပေးမရဘူးဆိုတာကို​ပြောပြတာပါ.."

"မင်းကိုငါစိတ်​ပူတာ​ကမ်းနား.."

"ကျွန်​​တော့်​အသက်​မငယ်​​တော့ပါဘူး
စိုးရိမ်​စိတ်​​တွေ​လျော့ပါအုံး..."

"ကျစ်​...ခုထိ​ခေါင်းမာတုန်းပဲကမ်းနား "

"ကျွန်​​တော့်​အတွက်​စိုးရိမ်​စိတ်​​တွေ​လျှော့ပြီး ကိုယ့်​ကိုယ်​ကိုအတွက်​ပဲစိတ်​ပူ ဟုတ်​ပြီလား...ကျွန်​​တော်​အိပ်​​တော့မယ်​...
ဒီဒီလည်းအိပ်​​တော့...အသက်​က​လေးရလာတာနဲ့...ပွစိပွစိက​ပြောလာ​တော့တာပဲ.."

"ကမ်းနား...ငါကမင်းအတွက်​.."

"ဟုတ်​ပါပြီဒီဒီရယ်​..စိတ်​ပူလို့ပဲ​ပြောမှာမလား..ကျွန်​​တော်​အိပ်​ချင်​​နေပြီ..ဒီဒီလည်းအိပ်​​တော့..."
ပြော​ပြောဆိုဆိုနဲ့​ဆောင်​ကိုဆွဲခြုံပြီးအိပ်​ဖို့်​ပြင်​မှ...ဒီဒီလည်းသက်​ပြင်းချပြီးအခန်းထဲကထွက်​သွား​တော့တာပင်​။
~~~~~~~~~~~~~~~~~•***
"ဖြစ်​နိုင်​ရင်​...ကျွန်​​တော့်​​ဘေးမှာလာထိုင်​​ပေးပါလား.."

❀ မကိုချစ်​လို့...မုန်းတာမလား ❀ (Complete)Where stories live. Discover now