"အကျည်းတန် ဧကရီ"

Start from the beginning
                                    

" တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို အရင်ဆုံး ပေးရပါလိမ့်မယ်အရှင် ...  အုပ်ချုပ်သူတွေက အရင်တည်းက တစ်ခုခုကို အလိုရှိတယ်ဆိုရင် အဲ့လူကို တစ်ခုခုကို ပြန်ပေးရပါတယ်... အရှင်က နယ်စားမင်းကျန့်ကျန်းရဲ့ စစ်သည်တွေကို လိုချင်တယ်ဆိုရင် သူ့ကိုတစ်ခုခုနဲ့ အချိုသတ်ရပါလိမ့်မယ် ..."

ထိုစကားအနည်းငယ်မျှပင် ရွှယ်ကျွင်းလျန်၏စိတ်ထဲတွင် ရှင်းလင်းသွားပြီး ဧကရီ၏အကြံကို ရိပ်စားမိသွားသော်လည်း သူမထံမှ ထပ်ကြားလိုသေး၍ ပြောလိုက်သည်။

" ဆက်ပြောပါဦး ..."

ထန့်ယွင်ပြောလိုက်သည်။

" မြို့စားမင်းကျန့်ကျန်းက နန်းမြို့တော်ကိုရောက်လာတာ ဘိုးဘေးကန်တော့ပွဲ အခမ်းအနားကျင်းပဖို့ ရည်ရွက်ချက်အတွက်ပါ ... အခမ်းအနားပြီးသွားပြီဆိုရင် နယ်စပ်ကို ပြန်သွားရမှာဆိုတော့ သူမပြန်ခင် အရှင်မင်းကြီးက စစ်ရေးအခမ်းအနားလုပ်ပြီး သူ့ရဲ့စစ်သည်တွေကို ကောင်းကောင်းမလေ့ကျင့် ထားရသေးဘူးလို့ ပြောလိုက်ပါ ... ပြီးတော့မှ မြို့စားမင်းကျန့်ကျန်းကို လိုက်ပါပို့ဆောင်ဖို့ ဧကရာဇ်ရဲ့ကိုယ်ပိုင်စစ်သည်တွေထဲက ၁၂ယောက် ဒါမှမဟုတ် အယောက်နှစ်ဆယ်လောက်ကို ချီးမြှင့်ပေးလိုက်ရင် ရပါတယ် ..."

ထိုစကားကိုကြားသည့်အခါ ရွှယ်ကျွင်းလျန် မပြုံးပဲ မနေနိုင်တော့ပေ။

" အိုက်ဖေးက ဒီလောက် ဉာဏ်များမယ်လို့ မထင်မိဘူး ..."

" ဒါက ကျွန်တော်မျိုးမရဲ့ အတွေးသက်သက်ပါပဲ ... အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်စစ်သည်အစောင့်တွေကို လက်လွှဲပေးတယ်ဆိုတည်းက ဒါကို လက်ခံရရှိတဲ့ ဘယ်သူ့အတွက်မဆို ကောင်းချီးတစ်ပါးပါပဲ ... နယ်စားမင်းကျန့်ကျန်းက ငြင်းနိုင်မှာ မဟုတ်ပါဘူး ..."

" ကောင်းပါပြီလေ ကိုယ်ပိုင်စစ်သည် ၁၂ယောက် ဒါမှမဟုတ် ၂၀လောက်နဲ့ စစ်သည်တစ်ထောင်ကို ရမယ်ဆိုရင်တော့ တော်တော်လေး ဈေးတန်တယ်ပြောရမယ်..."

ရွှယ်ကျွင်းလျန်က ဧကရီ၏ ပါးပြင်ပေါ်မှ ဆံနွယ်များကို နားရွက်နောက် သပ်တင်ပေးလိုက်သည်။ သူ၏ အထိအတွေ့က အလွန်ညင်သာလွန်းလှသည်။ ထို့နောက် သူက နူးညံ့စွာပြောလိုက်သည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now