အပိုင်း (38.2)

Start from the beginning
                                    

'' စျေးသွား စျေးလာ တွေရေ လုံးဝ မလွတ် စေနဲ့နော်။ လုံးဝကို လက်လက်ဆက် ဆက်နဲ့ ကင်ထားတဲ့ ကမာကင် တွေဟေ့! ''

အမွှေးအနံ့ နဲ့ ဆွဲဆောင် ပြီးတဲ့နောက် နောက်ဆုံးမှာ တော့ တစ်ယောက် ယောက် က မနေနိုင်တော့ ပဲ မေးလိုက် လေတယ်။

'' အဲ့တာ တစ်ခု ကို ဘယ်လောက် ကြ သလဲ? ''

ကျောက်ချင် က သူ့လက်ညိုးလေး နဲ့ ညွန်ကာ ပြောလိုက်တယ်။

'' တစ်ခု အတွက် ဝမ် ၆ ဆင့်!''

'' ဝမ် ၆ ဆင့်? !''

စျေးနှုန်း မေးလိုက်တဲ့ လူ ခမျာ အရမ်းကို အံသြ သွားပြီး မျက်လုံး တွေလည်း ပြူးကျယ် သွားလေတယ်။

ဒါက ဘယ်လို မျိုး အရသာ ရှိတဲ့ အတွက်ကြောင့် ဒီလောက်တောင် စျေးကြီး ပေးဝယ် ဖို့ ထိုက်တန် တာလဲ။

'' ဘာလို့ တစ်ခုလောက် ဝယ်ပြီး စမ်းမစား ကြည့် ရတာ လဲ! ''

ကျောက်ချင် က သူများ တွေရဲ့ အမြင်တွေ ကို သိပ်ပြီးတော့ ဂရုမစိုက် နိုင်ပါပေ။ ပြီးတော့ သူသာ လိုက်ပြီး ဂရုစိုက် နေရင် မောပန်း သွားရုံ အပြင် ဘာမှ မရှိဘူးလေ။

ကမာကောင် တွေတင်သာ မကပဲ ထိုကြက်သွန်ဖြူ ရဲ့ စျေးနှုန်း ကလည်း မသေးငယ် ပါပေ။ လူသား လုပ်အားခ နဲ့ ကုန်ကျ စရိတ်ပါ ထပ်ပေါင်း တွက်ရင် ထို စျေးနှုန်း က သင့်တော် ပါတယ်။

'' စျေးထဲမှာ ရောင်းနေတဲ့ ကမာကင် က ဘယ်လို အရသာ ရှိမလဲ ဆိုတာကို ငါသိချင်တယ်ကွာ! ''

ချက်ချင်း ပဲ တစ်စုံတစ်ယောက် က လူအများကြီး ရဲ့ အံ့အားသင့် မှု အောက်မှာ ကြေးပြား ၆ ပြားကို ရေတွက်ပြီး ပေးလိုက် လေတယ်။

ကျောက်ချင် က ငွေကို လက်ခံ ရရှိပြီးတဲ့နောက် သူက ထို ပုံမှန် အတိုင်း မလုပ်တဲ့ လူ ကို တကယ်ကြီး သဘောကျ နေလေတယ်။

သူက ကမာကင် တစ်ကောင်ကို ထုတ်ယူ လိုက်ပြီးတော့ ရွာထဲက ကောက်လာတဲ့ သစ်ရွက်အကြီး တစ်ရွက်နဲ့ ပတ်ပေး လိုက်ကာ ထိုလူကို ကမ်းပေး လိုက်လေတယ်။

'' သေချာ ဂရုစိုက် အုံးနော် ''

အခုလေးတင် ကမာကင် ဝယ်တဲ့ သူက အဲ့တာကို စိုက်ကြည့် နေခဲ့ လေတယ်။

တံငါသည် (BL) Where stories live. Discover now