EPISODE 1

11.6K 814 118
                                    

Unicode

ကောင်းကင်ဘုံတွင် တန်ခိုးအကြီးဆုံးဖြစ်သည့် ကောင်းကင်ဘုံသခင်၏ဗိမ္မာန်တော်အပြင် အခြားနာမည်ကြီး သည့် ဗိမ္မာန်တော်ခြောက်လုံးရှိ၏။သို့သော်ကောင်းကင်ဘုံ၏ထိပ်သီးအစဉ်အလာကြီးသည့် ဗိမ္မာန်သုံးလုံးသာ မြင့်မြတ်သည့် တော်၀င်တောင်ကြီးများကို ကိုယ်စီပိုင်စိုးကြရ၏။

နေနတ်ဘုရား၏ ဗိမ္မာန်တော်သည် ၎င်းတို့အနက် ဒုတိယမြောက်အကြီးမားဆုံးတောင်ထိပ်တွင်ရှိသည်။ထိုတောင်ကို နေနတ်မင်း၏အမည်နာမသူရိ ယဒေဝါ အားအစွဲပြု၍ သူရိယတောင်တော်ဟုခေါ် ကြ၏။

တောင်သို့အ၀င်၀၌ မုခ်ဦး ကြီးတစ်ခုရှိပြီး နေပုံသဏ္ဍာန်ရုပ်တုကြီးတစ်ခုကိုလည်းထောင်ထားသေးသည်။ တောင်သည် သာမန်မျက်စိဖြင့်ကြည့်ပါက မမြင်နိုင်သော်လည်း နေနတ်ဘုရားဗိမ္မာန်တော်၏ကိုယ်ပိုင်အစီအရင်ဖြင့် အကာအရံချထား သောကြောင့် မည်သူမျှမုခ်ဦး ပေါက်၀ ဂိတ်မှတစ်ပါးကျော်ဖြတ်ကာ တောင်ပေါ်သို့တက်၍မရပေ။

သူရိယတောင်တော်သည် သာမန်အချိန်များတွင် မုခ်ဦး၌ နေနတ်ဘုရားထံ၌ပညာသင်ကြမည့်ကျောင်းသားအချို့မှလွဲ၍ အခြားသူများရှိနေလေ့မရှိ။နေနတ်ဘုရား၏တန်ခိုးထက်မှုကြောင့် အမျိုးမျိုးသော နတ်ဘုရားအိမ်တော်များအပါအ၀င် အချို့သောဘုံများမှ သားတော်သမီးတော်များကိုပါ နေနတ်ဘုရားထံ ပညာဆည်းပူးကြရန် လွှတ်ထားကြသောကြောင့် နေနတ်ဘုရားဗိမ္မာန်တော်သည်အတွင်းဘက်၌ကျောင်းသားများစွားရှိသည်။သို့သော် စည်းကမ်းတင်းကြပ်ကာ ဆူညံမှုကို မုန်းတီးသည့်၊ ဒေါသကြီးသည့် တဇွတ်ထိုးတဇောက်ကန်း နေနတ်ဘုရားအား ကြောက်ရွံ့ကြသည်ကြောင့်လားတော့မသိ။ကျောင်းသား တစ်ရာ၏အသံသည်ဆယ်ယောက်ရှိသည်ဟု၍ပင်မထင်ရလောက်အောင် ငြိမ်သက်လှသည်။

ယနေ့ လပြည့်နေ့တွင်တော့ နေနတ်ဘုရား၏ဗိမ္မာန်တော်သည် အထူးပင်စည်ကားနေကာ တောင်မုခ်ပေါက်၏ဘေးတစ်ဖက်တစ်ချက်စီ၌လည်း အမျိုးမျိုးသောပရိတ်သတ်များစွာဖြင့် ပြည့်နှက်နေလျက်။ထို့အပြင် မုခ်ဦး၏အ၀တွင် ချိတ်ဆွဲထားသည်က "ထိမ်းမြားမင်္ဂလာ " ။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now