EPISODE 2

7K 690 66
                                    

Unicode

ရူစန္ဒာနိုးလာတဲ့အခါမှာ အိပ်ယာဘေးကိုကြည့်လိုက်၏။ဘေးမှာ နေနတ်ဘုရား ရှိမနေ။တစ်ကယ့်ကို နေနတ်ဘုရားက မိမိနဲ့ပက်သက်ပြီးကောင်းမွန်တဲ့အမြင်ရှိမနေလောက် ဟု သူတွေးမိလိုက်သည်။

သူ့ အစေခံမလေးတွေရဲ့ အကူအညီနဲ့ ကိုယ်ခန္ဓာသန့်ရှင်းရေးလုပ်ပြီးတဲ့နောက် မျက်နှာအဖုံးကိုပြန်တပ်ကာ နန်းဆောင်၏ဧည့်ခန်းမသို့၀င်လာလိုက်သည်။

လက်ဆတ်ထားပြီးသော ကြင်ယာတော်ဖြစ်စေ၊ မိဖုရားဖြစ်စေ ခင်ပွန်းသည်နတ်ဘုရား၏ထိတွေ့မှုမခံရသေးသရွေ့ မျက်နှာအကာကိုချွတ်ခွင့်မရှိ။ဤကား ကောင်းကင်ဘုံ၏ ထူးဆန်းသည့် အမိန့်တစ်ခုဖြစ်ပြီးမည်သူမဆို ခြွင်းချက်မရှိလိုက်နာရ၏။

ဆိုတော့ ရာဇမဟေကြင်ယာတော်က ပထမဆုံးမင်္ဂလာဦးညမှာတင် နေနတ်ဘုရားရဲ့လျစ်လျူရှုတာကိုခံလိုက်ရတယ်ပေါ့ ?

ကြင်ယာတော်ဟာဧည့်ခန်းမဆောင်ရဲ့ပလ္လင်ပေါ်မှာထိုင်ပြီး နေနတ်ဘုရားဗိမ္မာန်တော် ရဲ့အုပ်ချုပ်သူတင်ပြသမျှကိုနားထောင်နေလိုက်သည်။အများအားဖြင့်တော့ ဘယ်နေ့မှာ ဘယ်အခမ်းအနား ဘာညီလာခံရှိပြီး ဘယ်အ၀တ်အစားနဲ့တက်ရမည်၊ နောက်ပြီးနေနတ်ဘုရားအိမ်တော်ရဲ့စီးပွားရေး အစရှိသည်များပင်။ကြင်ယာတော်သည် အဆင့်မြင့်မိဖုရားများနှင့်ယှဉ်လာပါက နောက်ဆုတ်ပေးရမည့် အဆင့်အတန်းဖြစ်သော်လည်း ယခုမှာတော့ သူသာလျှင်တစ်ပါးတည်းသောကြင်ယာတော်ဖြစ်သည်မို့ ဗိမ္မာန်တော်၏ကိစ္စအ၀၀သည် သူ၏ပခုံးထက်သို့သာကျရောက်ရ၏။

ကောင်းကင်ဘုံ၏အဓိကသော့ချက်မှာ အရောင်ကွဲများရှိသည့် အမြုတေများဖြစ်ပြီး အမြုတေအရောင်ကြည်လင်လေတန်ဖိုးကြီးလေဖြစ်သည်။ထိုအမြုတေဖြင့် ပစ္စည်းများရောင်း၀ယ်ဖောက်ကားခြင်း၊လက်နက်တပ်ဆင်ခြင်း၊စွမ်းအားအဆင့်တက်ခြင်း အစရှိသည်တို့ကိုလုပ်ဆောင်လေ့ရှိသည်။

အမြုတေအရောင်သည် တန်ဖိုးမဲ့သော အနက်ရောင်၊အနိမ့်ဆုံးတန်ဖိုး အစိမ်း၊ထိုမှ အဝါ၊အနီ၊ပန်း၊အဖြူဟူ၍အဆင့်လိုက် တန်ဖိုးမြင့်သွားတာဖြစ်သည်။ အဖြူရောင်အမြုတေ၏တန်ဖိုးမှာမြင့်မားလွန်းသဖြင့် ကောင်းကင်ဘုံ၏နတ်ဘုရားအနည်းစုတွင်သာလက်၀ယ်ပိုင်ဆိုင်ထားကြ၏။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now