EPISODE 3

7.4K 624 92
                                    

Unicode

ဗိမ္မာန်တော် အုပ်ချုပ်သူက ကြင်ယာတော်လေးတို့အဖွဲ့ တောင်ပေါ်သို့ရောက်တာနဲ့ နတ်ရထားပျံကြီးကို သိမ်းဆည်းစေပြီး ကြင်ယာတော်လေးကို နေနတ်ဘုရားဆီသို့ လိုက်ပို့၏။လမ်းတစ်လျှောက်လည်းကြင်ယာတော်လေးကို ကြည့်လိုက် အရှေ့သို့ ပြန်လှည့်ကာတစ်ခုခုကိုစဉ်းစားလိုက်နှင့် ပြောရမည့်ကိစ္စကို မပြောနိုင်ဘဲ ဖြစ်နေ၏။ရူစန္ဒာသည်လည်း ထိုအရာကို သတိထားမိသောကြောင့် အနည်းငယ်ပြုံးပြီး ဘေးနားကပါလာသည့် နန်းမြကိုခေါင်းငြိမ့်ပြလိုက်၏။

"အုပ်ချုပ်သူက အရှင့်ကိုလျှောက်တင်စရာများရှိရင် လျှောက်ပါလေ၊ ကျွန်ုပ်တို့ အရှင်က ကြင်နာတရားနဲ့ပြည့်စုံပြီး ကျိုးကြောင်းဆင်ခြင်တတ်ပါသလေ "

နန်းမြကပြောလိုက်တော့ အုပ်ချုပ်သူက ချက်ချင်းနောက်ကိုလှည့်လာပြီး ကြင်ယာတော်လေးကို စိုးရိမ်နေသည့် မျက်နှာထားဖြင့်

"အရှင့်ကိုလျှောက်တင်လိုတာကတော့ နေနတ်ဘုရားသခင်ရဲ့ဒေါသကိုရှောင် တိမ်းဖို့နဲ့ အလိုက်တသိလုပ်ဆောင်တတ်ဖို့ပါဘုရား၊နောက်ပြီး အရှင့်ကို အထွန့် မတက်ဖို့လည်းလိုပါတယ်။ကျွန်တော်မျိူးပြောတာကလုံး၀အမှားမပါကြောင်း အာမခံနိုင်ပါတယ်ဘုရား"

ရူစန္ဒာလည်း အုပ်ချုပ်သူရဲ့ စကားကိုကြားတာနဲ့ မျက်ခုံးပင့်မိသွားသည်။

နတ်ဘုရားတစ်ပါးက ဒီလောက်တောင်ဆိုးသွမ်းရသတဲ့လား?နောက်ပြီး ဒါကထိပ်သီး နတ်ဘုရားတစ်ပါးရဲ့ဂုဏ်ရည်နဲ့ ကိုက်ညီရဲ့လား?

သို့သော်ဒီအတွေးဟာ အပြင်မထုတ်သင့်တဲ့အတွေးသာဖြစ်တာမို့ ကြင်ယာတော်ဟာ ခေါင်းသာညိတ်ပြလိုက်သည်။

ဧည့်ခန်းမဆောင်ကိုဖြတ်သွားလိုက်တော့ အတွင်းဘက်မှာ နေနတ်ဘုရားဆီမှာ တပည့်လာခံတဲ့ ကျောင်းသားများကို ၀တ်စုံအပြည့်နဲ့ တွေ့လိုက်ရတာမို့ ထူးထူးခြားခြားအခမ်းအနားတစ်ခုခုရှိ ကြောင်း ကြင်ယာတော် သတိပြုမိလိုက်သည်။

"ဒီနေ့ဟာ လပြည့်နေ့ဖြစ်တာမို့ ကျောင်းသားတွေအားလုံးရဲ့ ညစာစားပွဲနေ့ဖြစ်ပါတယ်အရှင်"

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now