" ပေးမတွေ့နိုင်ပါဘူးခင်ဗျားနဲ့!! ခင်ဗျားက သူ့အဖေပေမယ့် ကျနော်ကိုယ်တိုင်သူ့ကို ကိုယ်ဝန်လွယ်ပြီးအခုထိကျနော်တစ်ယောက်တည်း ကျွေးမွေးပြုစု‌ စောင့်လျှောက်လာတာပေးမတွေ့နိုင်ဘူး"

ထယ်ယောင်းရဲ့စကားကြောင့် ဂျောင်ဂု မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ကာ

"ဘာဘဲဖြစ်ဖြစ်ပေးတွေ့ရမယ်"

"ပေးမတွေ့ဘူးဆို ခင်ဗျားဘာလုပ်ချင်လဲ"

ထယ်ယောင်းလည်းလက်ပိုက်ကာ ပြန်ပြောလိုက်တော့ ဂျောင်ဂုက ပြုံးလိုက်ပြီး သူ့နားကိုတစ်‌ဖြေးဖြေးတိုးလာ‌ လေသည်။ထယ်ယောင်းလည်းလန့်ကာအနောက်ကို‌ဖြေးဖြေးချင်းဆုတ်လိုက်တော့ အနောက်မှာစားပွဲခုံရှိနေတာကြောင့် ဆက်မဆုတ်တော့ဘဲ ရပ်လိုက်တော့ ဂျောင်ဂုတစ်‌ဖြေးဖြေးအနားကပ်လာပြီး နားအနားကိုကပ်ကာ

"သမီးလေးနဲ့ပေးမတွေ့ဘူးဆိုတော့ ကိုယ်က ထယ်နဲ့ဘဲလာလာတွေ့ တော့မှာပေါ့ကိုယ်ရဲ့အသည်းလေးရဲ့"

ဂျောင်ဂုက ထယ်ယောင်းရဲ့နားအနားလေးကိုလေသံတိုးတိုးလေးနဲ့ပြောလိုက်တာကြောင့်ထယ့်မှာ လန့်ပြီးဂျောင်ဂုကိုတွန်းထုတ်လိုက်သည်။

"ခင်ဗျား အခုချက်ချင်းထွက်သွား"

"ဦးဦးဂျောင်ဂု!!"

ထယ်ယောင်းဂျောင်ဂုကိုမောင်းထုတ်နေတုန်းရှိသေး candyလေးကပြေးထွက်လာပြီး ဂျောင်ဂုကိုဖတ်ထားလိုက်သည်။ ထယ်ယောင်မှာ ကြောင်အအဖြင့်ရပ်ကြည့်နေလေသည်။

"သမီးလေး အိုက်ဂူးးးးလွမ်းနေတာလား ဦးဦးကို"

"အရမ်းလွမ်းနေတာ အခုcandyကိုလာတွေ့တာလားဟင်"

"ဒါပေါ့လာတွေ့တာ သမီးလေးကိုလာတွေ့ရင်းနဲ့ ဦးဦးရဲ့ အသည်းအသက်ကိုလည်း လာတွေ့တာပေါ့"

ဂျောင်ဂုက ထယ်ယောင်းစောင်းကြည့်ပြီးပြောလိုက်တာကြောက့် ထယ်ယောင်းမှာ ဒေါသဖြစ်ကာ အံကြိတ်နေတာကြောင့် ဂျောင်ဂုမှာသဘောကျနေတော့သည်။

"အသည်းအသက်??ဘယ်သူလဲဟင် ဦးဦးဂျောင်ဂု"

"ဘယ်သူလဲဆိုတော့ သမီးလေးရဲ့...."

Miracle Of Love (Complete)Where stories live. Discover now