Jungkook ဟာ Tae ရဲ့လက်ထဲက အိတ်ကလေးကို ကိုင်ဖို့အလုပ် အနောက်ကို ဖွက်လိုက်တဲ့ Tae..
" ဟီးဟီး "
" ဘာလို့မပြတာလည်း "
Tae ဟာ jungkook ရဲ့ ပခုံးနားလောက်သာ အရပ်မြင့်တဲ့ ကောင်လေးဖြစ်တာကြောင့် Jungkook ဟာ ခါးကိုကုန်းကာ Tae လက်ထဲ က အထုတ်လေးကို ထပ်မှန်ကြည့်ဖို့ လက်လှမ်းလိုက်တော့ လက်ကိုနောက်ပစ်ကာ အထုတ်ကို ဖွက်ထားတဲ့ ကောင်လေးက လုံးဝမပြ..မျက်နှာလေးမော့ကာ Jungkook ကို ကြည့်ပြီး သွားတန်းလေးတွေပေါ်တဲ့ အထိသာ ပြုံးပြလို့နေသည်..
" မပြချင်လည်းနေပါ မကြည့်တော့ပါဘူး "
Jungkook ဟာ ဘောင်းဘီအိတ်ကပ်ထဲသို့လက်နိုပ်ကာ ရပ်နေလိုက်ပြီး သူမကြည့်တော့ဘူး ဆိုကာပြောလိုက်တော့ အနောက်မှာဖွက်လို့ထားတဲ့ လက်ကလေး က ပုံမှန်တိုင်းဘေးသို့ပြန်ရောက်လာပြီး ခေါင်းလေးငုံ့ကာ Jungkook စိတ်ဆိုးသွားတယ်ထင်လို့သွားတဲ့ Tae...
"ဦးဂျွန် စိတ်ဆိုးသွားတာလား "
ခေါင်းလေးငုံ့ကာ ပြောပြီး Tae ဟာ Jungkook ကို မော့ကြည့်လိုက်ချိန် ထပ်မှန်ခါးကို ကုန်းလိုက်တဲ့ Jungkook ကြောင့် သူအထုတ်ကို ကြည့်မယ်ပဲထင်ကာ အနောက်ကို ဖွက်လိုက်ပြန်တဲ့ Tae..
စိတ်ဆိုးသွားလားလည်းမေးတယ် တကယ်တန်းကြတော့ပြလည်းမပြချင်ဘူး..Jungkook ဟာ Tae ရဲ့ မေးစေ့လေးကို ပင့်ကာမလိုက်တော့ နှစ်ယောက်သားအကြည့်တို့စုံသွားချိန် Jungkook ဟာ ခေါင်းလေးငုံ့ချလို့ Tae ရဲ့ မျက်နှာလေးနား တဖြေးဖြေးတိုးကပ်သွားတော့ Tae ဟာ မျက်လုံးလေးကို မှိတ်ချလိုက်မိတယ်.
နီးကပ်လာတဲ့ အခြေအနေကြောင့် တယောက်ရဲ့ ဝင်လေထွက်လေက တယောက်ရဲ့ မျက်နှာကိုလာရောက်တိုက်ခိုက်လို့နေပြီ..သူသိပ်သဘောကျရတဲ့ အပြုံးလေးတွေဖြစ်ပေါ်လာတဲ့ တည်နေရာ ကကြီးပုံ နှုတ်ခမ်းပါးလေးစီသို့ သူတို့နှစ်ယောက်ရဲ့ပထမဆုံး အကြင်နာအနမ်းလေးကို ကြင်ကြင်နာနာ ထိကပ်ရုံမျှ အနမ်းဖွဖွလေးပေးလိုက်တဲ့ Jungkook..
ခဏမျှ ထိကပ်ထားပြီးမှသာ ခွာလိုက်ပြီး နှစ်ယောက်သား အကြည့်ချင်းစုံတော့..." ချစ်တယ် ကလေး "
Tae ဟာ သူရဲ့ ပထမဆုံး First kiss ကြောင့် ရင်ခုန်သံတွေဗြာင်းဆန်လို့နေပြီး ထို ပထမဆုံးအနမ်းကလည်း သူချစ်ရသူစီကဖြစ်နေတာကြောင့် ပို၍ပင် ရင်ခုန်သံတွေမြန်လို့နေတာကြောင့် စိတ်ကိုထိန်းကာ လက်ထဲက အိတ်ကိုသာကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားမိတော့သည်..