EPISODE 4

5.8K 607 20
                                    

Unicode

ကောင်းကင်ဘုံသခင်ကြီးရဲ့မိဖုရားခေါင်ကြီး၏*ယုဝါနွေရာသီနန်းဆောင်တွင်ဖြစ်သည်။

အချိန်ကား မနက်ခင်းနေရောင်ထိုးထွက်ကာစ။
နန်းဆောင်ပုံစံကနဂါးချွန်းပုံစံအမိုးသာရှိပြီးအကာအရံမရှိပဲ နွေရာသီ၏လေနုနုတိုးဝှေ့နိုင်ဖို့ရာ ပုပါစအဖြူများသာကာရံထား၏။ပတ်၀န်းကျင်တွင် အမျိုးသားနတ်ဘုရားများကိုမတွေ့ရဘဲ အများအဖြင့် အမျိုးသမီးနတ်စစ်သည်များသာ။ ကောင်းကင်ဘုံသခင်ကြီးရဲ့မိဖုရားခေါင်နန်းဆောင်ဖြစ်တာမို့ အခြား အမျိုးသားနတ်ဘုရားများကိုပေးမ၀င်ခြင်းဖြစ်တန်ရာ၏။

အဆောင်တော်၏အရှေ့ဘက်ထိပ်ပိုင်းပလ္လင်တွင် ရုပ်ရည်ကြည်လင်ကာ ချောမောပြီးအရှိန်အဝါပြည့်စုံသည့် အမျိုးသမီးကြီးတစ်ဦးကအဆောင်အတွင်းကိုဝေ့ဝိုက်ကြည့်လျက်။တစ်ခါတစ်ခါ မသိမသာလေးပြုံးလိုက်ပေမယ့်တစ်ခါတစ်ခါကျပြန်တော့ မျက်နှာထားကတည်သွားပြန်သည်။သူမ၏စိတ်အခြေအနေသည်ပုန်းရှိုးကွယ်ရှိုးနိုင်သည်ဟုပြောလို့ရနိုင်လောက်သည်အထိလျှို့ဝှက်နိုင်လှ၏။ထို့အပြင်သူမအားနားအလည်နိုင်ဆုံးသူသည်ကောင်းကင်ဘုံသခင်ကြီးအပြင် အခြားမရှိ။

ယခုလည်း မိဖုရားခေါင်ကြီးဟာ နန်းဆောင်အတွင်းမှာရှိတဲ့သူ့ကိုအခစားလာ၀င်တဲ့ နတ်ဘုရားမိဖုရားများကိုတိတ်တဆိတ်နဲ့လိုက်လံအကဲခတ်နေခြင်း။တချို့ မိဖုရားများက အပါးနပ်လို့ မျက်လွှာကိုချကာကုပ်ကုပ်သာနေပေမယ့် အချို့မိဖုရားအသစ်များကတော့မိဖုရားခေါင်ကြီးရဲ့ စိတ်သဘောထားအတိမ်အနက်ကိုမသိရှိသူမို့ ခပ်ကြောင်ကြောင်လေးများသာ။မိဖုရားခေါင်ကြီးကလည်း ဒါကိုသဘောမတွေ့။

"ကောင်းပြီ၊‌နတ်ဘုရားလေးပါးရဲ့မိဖုရားတွေရှိတာ မိဖုရားသုံးပါးပဲဘာကြောင့်ဖြစ်နေရတာလဲ .."

မိဖုရားကြီးကဘေးနားကအထိန်းတော်ကိုမေးမြန်းလိုက်ခြင်း။

"လနတ်ဘုရား၊ကြယ်နတ်ဘုရားနဲ့၊မြေနတ်ဘုရားတို့မှာ အသီးသီးမိဖုရားကိုယ်စီရှိနေပေမယ့် နေနတ်ဘုရားမှာတော့ မိဖုရားမရှိသေးကြောင်းပါ"

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now