EPISODE 5

5.7K 578 42
                                    

Unicode

လနတ်ဘုရားမိဖုရားရဲ့စွမ်းအင်တိုက်ခိုက်မှုက ကြင်ယာတော်လေးဆီသို့ရောက်ခါနီးလက်တစ်ကမ်းအလိုမှာပဲရပ်တန့်သွားပြီး ပတ်၀န်းကျင်တစ်ခုလုံးမှာဖိနှိပ်မှုအလွန်ကြီးမားတဲ့စိတ်စွမ်းအားတစ်ခုကလွှမ်းမိုးသွား၏။

လနတ်ဘုရားမိဖုရားကရုတ်တရက်ရင်းနှီးတဲ့ စိတ်စွမ်းအင်ဖိနှိပ်မှုကိုခံစားမိတာကြောင့် အလန့်တကြားနဲ့ ဘေးပတ်၀န်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ရင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဖြူရော်ရော်မျက်နှာလေးက တိုး၍ပင်ဖြူဖျော့သွား၏။

"သခင်ကြီး ! "

နွေရာသီနန်းဆောင်ရဲ့မုခ်ဦးမှာရပ်နေတဲ့ နတ်ဘုရားနှစ်ပါး။စိတ်စွမ်းအင်သုံးကာသူမကိုတားဆီးတဲ့သူကသူမရဲ့ ခင်ပွန်းသည် လနတ်ဘုရားဖြစ်ပြီး ဘေးမှာလည်းနေနတ်ဘုရားသူရိယဒေဝါကရပ်လျက်သား။

လနတ်ဘုရားမိဖုရားဟာ ခင်ပွန်းသည်ရဲ့သူမအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုယုံကြည်တာမို့ မကြောက်ရွံ့ပေမယ့် နေနတ်ဘုရားကတော့မတူ။ဘယ်လောက်ပဲ ဒီအဆင့်နိမ့်လူသားက အပယ်ခံကြင်ယာတော်ဖြစ်လင့်ကစား။ သူမကစိတ်စွမ်းအင်နဲ့တိုက်ခိုက်နေတာကိုတော့ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပါ့မလား...။

လနတ်ဘုရားရဲ့မိဖုရားရော၊ကြင်ယာတော်လေးကပါ ချက်ချင်းကြမ်းပြင်မှာ၀ပ်တွားရင်းအရိုအသေပေးလိုက်၏။

"နတ်ဘုရား(၂)ပါးကိုဂါရ၀ပြုပါတယ် "

"ဒါကဘာဖြစ်နေကြတာလဲ "

လနတ်ဘုရားက မေးလိုက်ခြင်း။ဘေးနားကနေနတ်ဘုရားကတော့ ကြင်ယာတော်လေးကိုသာစိုက်ကြည့်နေပြီးဘာတစ်ခုမှဆိုမလာ။ကြင်ယာတော်ဟာလည်းဘာတစ်ခုမှမဆိုဘဲ အသာအယာခေါင်းကိုငုံ့ကာနေလျက်။

"ဟောသည်ကကြင်ယာတော်ရဲ့ရိုင်းပြမှုကိုမေးခွန်းထုတ်ရမှာပဲဘုရား။သည်မယ် ကြယ်နတ်ဘုရားမိဖုရားညီမလေးရဲ့အဖြစ်ကိုပဲကြည့်ပါလော့၊"

နတ်ဘုရားနှစ်ပါးက ကြမ်းပြင်ပေါ်လဲကျနေတဲ့နတ်ဘုရားပျိုမကိုကြည့်လိုက်၏။

စိတ်စွမ်းအင်နဲ့စစ်ဆေးလိုက်တော့အမှန်ပင်ဒဏ်ရာရနေကာ အတွင်းဒဏ်ရာအလယ်အလတ်အဆင့်ဖြစ်၏။ဒါကအားမပြင်ဘူးလို့လည်းမဆိုသာ။နောက်ပြီးအားနည်းတယ်လို့လည်းပြောမရ။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now