EPISODE 6

5.6K 594 39
                                    

Unicode

ကြင်ယာတော်လေးဟာတောင်ပေါ်ပြန်ရောက်တာနဲ့ သူ့ကိုအူယားဖားယားပြေးကြိုတဲ့ ဗိမ္မာန်တော်အုပ်ချုပ်သူကိုကျော်လွှားသွားပြီး မိမိရဲ့နန်းဆောင်ဆီသို့သာအမြန်ဦးတည်လိုက်၏။

"ကြင်ယာတော်လေး...ကြင်ယာတော်လေး !...ဘာဖြစ်တာလဲဘုရား ! တစ်ခုခုပြသနာတက်လို့လားဘုရား "

အုပ်ချုပ်သူဘိုးဘိုးတစ်ယောက် ကြင်ယာတော်လေးရဲ့ အထူးနှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာတော်ဟာမကြည်မလင်ဘဲ ခါတိုင်းလို အမြဲတည်ငြိမ်နေကျအရှိန်အဝါဟာလည်းဖရိုဖရဲဖြစ်နေတာမို့ အခြားနတ်ဘုရားမိဘုရားတွေကများ အနိုင်ကျင့်ပေရော့လားဟု တွေးမိသဖြင့် စိတ်ပူသွား၏။တစ်ကယ်လို့သူတွေးတာသာအမှန်ဆိုရင် သူဟာလည်း နေနတ်ဘုရားရဲ့ ဒေါသကနေမလွတ်ကင်းနိုင်။ဒါ့အပြင် သူကိုယ်တိုင်ကပင် ဤ ကြင်ယာတော်လေးအပေါ် မြေးအရင်းသဖွယ်ဂရုဏာသက်မိသည်မို့။

"ဗိမ္မာန်တော်အုပ်ချုပ်သူအနေနဲ့ဒီကနေ့တော့ မေးမြန်းလို့ရမှာမဟုတ်ဘူး၊ကြင်ယာတော်အရှင် ရွှေစိတ်တော်ညှိုးရမယ့်အဖြစ်ကိုကြုံလာတာမို့ ယခုကတော့ သင်တို့ရဲ့ နေနတ်ဘုရားကိုသာ သွားရောက်ပင့်ဆောင်ပြီးခေါ်ချေပါလေ "

နန်းနွယ်က နာကျင်နေတဲ့ဗိုက်လေးကိုဖိကိုင်ရင်း
ဗိမ္မာန်တော်အုပ်ချုပ်သူကိုပြောလိုက်၏။သူမရဲ့အတွင်းစွမ်းအားကလုံး၀ပျက်ဆီးသွားတာမို့ နတ်သူငယ်တစ်ပါးဖြစ်တဲ့သူမအတွက်မူ အတော်လေးကိုထိုးနှက်ချက်ကြီးမားသည့်ဖြစ်ရပ်တစ်ခုပင်။

တွဲဖက်ဖြစ်သူရဲ့နာကျင်မှုကိုသတိထားမိတာကြောင့် နန်းမြက နန်းနွယ်ကိုဘေးကနေတွဲကူရင်းဗိမ္မာန်တော်အုပ်ချုပ်သူကိုရှောင်ကာရှေ့ဆက်သွားလိုက်၏။

"မမအနားယူဖို့အခုဘဲသွားရအောင်၊စကားကိုလျှော့ပြောပါ"

တရွေ့ရွေ့နဲ့ထွက်ခွာသွားတဲ့ ကြင်ယာတော်လေးရဲ့အစေခံအုပ်ကြီးကို ငေးမောကြည့်ရင်းကျန်ခဲ့တာက ဗိမ္မာန်တော်အုပ်ချုပ်သူဖြစ်၏။သူဟာဘာတစ်ခုမှကိုနားမလည်သလို ဘာတစ်ခုကိုမှလည်းမေးမရလိုက်။အသွင်အပြင်အားလုံးကိုခြုံကြည့်ရရင်တော့ ကြင်ယာတော်လေးဟာလည်း ရွှေစိတ်တော်ညိုနေသလို သူ့အစေခံများဟာလည်း တိုက်ခိုက်ခံလိုက်ရတဲ့ပုံစံပင်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now