EPISODE 7

5.8K 559 49
                                    

Unicode

မိုးမှိုင်းဒေဝီ။
ကေတုအဆောင်ပိုင်သခင်မ။
သူမက နေနတ်ဘုရားဗိမ္မာန်တော်၏တစ်ပါးတည်းသော အဆောင်ပိုင်အပျိုစင်နတ်ဘုရားမ,ဖြစ်၏။

အဆောင်ပိုင်အပျိုစင်နတ်ဘုရားများသည် ဗိမ္မာန်ပိုင်ရှင်နတ်ဘုရားများကိုအနီးကပ်ခစားရသည့်
အဆင့်နိမ့်ကြင်ယာတော်အလောင်းအလျာများသာဖြစ်ပြီး၎င်းတို့သည် အချိန်မရွေး ကြင်ယာတော် သို့မဟုတ် မိဖုရားများဖြစ်လာနိုင်ချေရှိသူများဖြစ်သည်။စည်းကမ်းအားဖြင့်တော့ ၎င်းတို့၏တရား၀င်ဘွဲ့တံဆိပ်တော်မရရှိသရွေ့ဗိမ္မာန်တော်သခင်၏တရား၀င်အနောက်ဆောင်စာရင်းလည်း၀င်မှာမဟုတ်သလို  အနောက်ဆောင်ကိစ္စများ၌ပါ၀င်ခွင့်လည်းရှိမှာမဟုတ်ပေ။

မိုးမှိုင်းဒေဝီရဲ့မူလဇစ်မြစ်က အဆင့်နိမ့်နတ်သူငယ်သာဖြစ်ပြီး မည်သို့မည်ပုံဖြင့် နေနတ်ဘုရားဗိမ္မာန်တော်သို့ရောက်ရှိလာမှန်းမသိရပေ။သို့သော် ကာလတစ်ခုအကြာတွင် သူမသည်အဆောင်ပိုင်သခင်မအဖြစ်တက်လှမ်းနိုင်ခဲ့ပြီး မြင့်မားလှသည့် အဆင့်အတန်းများရှိသည့် ကောင်းကင်ဘုံတွင် ဤအဆင့်အထိတက်လှမ်းနိုင်ခြင်းသည်ပင်လျှင်လွန်စွာတော်လှပြီဟုတွေးနေခဲ့ခြင်း။ယခုတော့ ထိုသို့မဟုတ်တော့။အဆင့်နိမ့်လူသားကတောင် ဘွဲ့ထူးခံကြင်ယာတော်တစ်ပါးဖြစ်နေပြီ။သူကရောဘာကြောင့် မဖြစ်နိုင်ရတဲ့လဲ ?သူဒီလောက်အထိလောဘတက်မိလို့ လည်းပြသနာမဖြစ်လောက်ပါဘူးလို့သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။

တစ်ကယ်ဆိုနေနတ်ဘုရားရဲ့အနောက်ဆောင်ကိုပထမဆုံးရောက်ရှိခဲ့တဲ့သူက မိုးမှိုင်းဒေဝီဆိုတဲ့သူသာလျှင်ဖြစ်ပြီး နေနတ်ဘုရားရဲ့ပစားပေးခံရတဲ့သူကလည်း သူကိုယ်တိုင်ပါပဲ။

မိုးမှိုင်းဒေဝီက အသားဝါဝါ၀င်း၀င်းနဲ့ သာမန်ဟု ပြောနိုင်သည့်အလှပိုင်ရှင်အမျိုးသမီးသာဖြစ်ပြီးသူမ၏ ထူးခြားချက်က တည်ကြည်သည့်အသွင်အပြင်နှင့် အထူးနှစ်လိုဖွယ်ကောင်းသည့် အသံချိုချိုဘေးကြောင့်သာ။

မိုးမှိုင်းဒေဝီတစ်ယောက် ကေတုအဆောင်တော်ရဲ့ဥယျာဉ်တော်အတွင်းကအဆောင်တော်လေးအလယ်၀ယ် အနားယူရင်းနှစ်ခြိုက်စွာပြုံးလိုက်မိသည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now