စာစဉ်(၃၁) အပိုင်း(၂)

Start from the beginning
                                    

ထိုနောက် တာဟေးသည် နောက်တစ်ခါ ပြန်လှဲအိပ်လိုက်ပြီး ဟောက်သံထွက်လာပြန်သည်။

မြေကြီးများတုန်ခါနေသော ဟောက်သံအောက်၌...

ရှောင်ဟေးသည် လူဆိုးအဖွဲ့အား ငြိမ်ငြိမ်လေး ထိုင်ကြည့်နေသည်။

"မင်းတို့ ဘာလို့ ဒီလောက်လူနည်းနေတာလဲ" လုချောင်က တိရိစ္ဆာန်အဖွဲ့အစည်းမှလူများအား ကြည့်ကာ စောဒကတက်လိုက်သည်။ "သူတို့က အရမ်းကြမ်းကြုတ်တယ်လို့ ငါပြောသားပဲ။ မင်းတို့ ဒီထက်လူပိုလိုတယ်"

"ဟုတ်တယ်။ တကယ်ကို ကြမ်းကြုတ်တာ။ ငါ အကူအညီခေါ်လိုက်မယ်" နာကျင်နေသည့် ဗိုက်အား လက်နှစ်ဖက်ဖြင့် တင်းတင်းဖိအား ကပ္ပတိန်က ပြန်ပြောသည်။ ထိုနောက် ဌာနချုပ်အား ဖုန်းခေါ်၏။

"ဟဲလို ငါ ပင်းပါ။ အခု ငါတို့ လဆန်းပင်လယ်ကွေ့ရဲ့ လဆန်းတောင်ပေါ်မှာရောက်နေတယ်။ အကူအညီလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ သတိထားပြီးလာကြပါ။ တစ်ဖက်က တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဂေါ်ရီလာတစ်ကောင်နဲ့ သန်မာတဲ့ခွေးကြီးတစ်ကောင်ပါ။ ငါတို့ လူအင်အား ထပ်လိုပါတယ်။ မြန်မြန်လေး လုပ်ပါ။ ဒီမှာ တစ်ယောက်ယောက် ဒဏ်ရာရထားတယ်..."

ထိုနောက် သူ ဖုန်းချလိုက်ပြီး လုချောင်အားကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ"

"ငါတို့...ငါတို့က..." လုချောင် အလျင်အမြန် ဆင်ခြေတစ်ခုပေးလိုက်သည်။ "ဒါက ငါတို့နေရာလေ။ ဒီမှာ ညဆိုင်းတာဝန်ကျနေတာ။ ဒီကို ကြောက်စရာသားရဲတွေ ရောက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး"

"ဟူး..." ကပ္ပတိန်က ခေါင်းယမ်းကာ လုချောင်အား နှစ်သိမ့်ပေးသည်။ "ရုံးချုပ်က ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စောင့်နေလိုက်ပါ။ ဒီသားရဲကောင်တွေ ဘယ်ကနေ ရောက်လာတာလဲ မသိဘူး"

စကားများက လူအုပ်ကြီး၏ညှိုးရော်အားငယ်နေသည့် စိတ်များကို မျှော်လင့်ချက်မီးတောက်များ ထွက်ပေါ်လာစေခဲ့သည်။

သူတို့ နောက်ထပ် တပ်ကူများအား စောင့်ရန် ဆုံးဖြတ်လိုက်ကြသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now