နောက်ပြီး သူတို့ကို ဆက်လက်နှိုင်းယှဉ်ကြည့်ကြ ရင်း ဖန်တွေက သူတို့ ပွဲဉီးထွက်ကတည်းက ပါဝင်သရုပ် ဆောင်ခဲ့သော အလုပ်တွေကိုတောင် ယူလာခဲ့ကြကာ အားလုံးကို နှိုင်းယှဉ်ကြတော့သည်။သူ့ရဲ့အညတရစတင် မှုတွေတွင် ရွှီချုံခွင့်သည် Idol drama တစ်ခုမှာ ဇာတ်ပို့ ဇာတ်ကောင်နေရာတစ်ခုကို ရခဲ့သည်။ သူသည် အမျိုး သား ဇာတ်ပို့ မဟုတ်ခဲ့သော်ငြားလည်း ဒါသည် Idol drama တစ်ခု ဖြစ်နေဆဲပဲလေ။ Web series တစ်ခုမှာ အမျိုးသားဇာတ်ပို့ ဖြစ်သည့် ရွှီချောင်ရန်၏ဇာတ်ကောင် ထက်တော့ အပုံကြီး သာ၏။

နောက်ဆုံးမှာတော့ သူတို့ရဲ့အလုပ်တွေ၊ ဇာတ် ကောင်နေရာတွေကို နှိုင်းယှဉ်ခဲ့ကြသည့်အပြင် သူတို့ တွေ ကြော်ငြာပေးရသော အမှတ်တံဆိပ်တွေကိုပါ နှိုင်း ယှဉ်လာကြတော့၏။ ထိုနှိုင်းယှဉ်ရာမှာတော့ ရွှီချုံခွင့် သည် ရွှီချောင်ရန်ကို နိုင်နေဆဲပင်။

ထိုသို့ဖြင့် ဖန်တွေနှင့် နိုင်ငံသားတွေအားလုံးဟာ 'ရှင်သန်လာသောနန်းတော်'ထဲမှာ အမျိုးသားဇာတ် လိုက်အဖြစ်ပါဝင်ရသော ရွှီချုံခွင့်၏ဇာတ်ကောင်နေရာ ကို အာရုံစိုက်လာကြတော့သည်။

သူသည် တီဗီဇာတ်လမ်းတွဲအတွက် အသင့်တော် ဆုံးဆိုတာကို အားလုံးက သဘောတူထောက်ခံခဲ့ကြပြီး အခုဆို အဲ့အချင်းအရာကြောင့် ဇာတ်လမ်းတွဲအား ပိုမို အာရုံကျလာကြသည့်သူတွေ ပိုများလာခဲ့၏။

ထိုနေ့မှာပင် စုယာယာသည် အဖွဲ့ထံမှ ဖုန်းခေါ်ဆိုမှု ကို ရရှိခဲ့၏။ သူတို့က သူမအား နောက် ၃ရက်နေရင် လာ Jion ဖို့ပြောပြီး ထိုနေ့တွင် 'ရှင်သန်လာသောနန်းတော်' ကို စတင်ရိုက်ကူးမည်ဖြစ်သည်။

နေ့လည်ခင်းမှာ ထိုဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပြီးနောက် ထိုနေ့ညမှာတော့ စုယာယာသည် ချန်ရှုံ့ချီ ပြန်အလာကို စောင့်ကြိုနေရင်း ညစာတွေ အများကြီးပြင်ဆင်ပေးထား သည်။

ည ၇ နာရီခွဲမှာ ချန်ရှုံ့ချီ အလုပ်ဆင်းလာခဲ့၏။ စုယာ ယာက သူရဲ့အိတ်ကို သွားယူပေးပြီး ညစာအဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းပြောပြသည်။ ချန်ရှုံ့ချီသည် ဖိနပ် လဲစီးကာ လက်တွေကိုဆေးကြောဖို့ ရေချိုးခန်းဆီ ဉီးတည်ခဲ့ပြီး ထမင်းစားပွဲမှာ နှစ်ယောက်အတူတူ လက်ဆုံစားခဲ့ကြသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now