ထို့နောက် Mi So တို့သူငယ်ချင်းတစ်စုကလည်း တီးတိုးပြောဆိုနေကြပြီး Mi So ကို မနာလိုဖြစ်နေကြသည်။
Jimin လေးမှာလည်း ခေါင်းလေးငုံ့ကာ လက်နှစ်ဖက်က လင်ဗန်းဗလာလေးကို ကိုင်ပြီး ပေါင်ကိုလင်ဗန်းနဲ့ကပ်ထားကာ တဆတ်ဆတ်တုန်နေသည်။ Manager ကလည်း
ထိုပြဿနာကြားထဲ အတင်းဖြဲခွဲ၀င်လာပြီးနောက်

" Park Jimin!! အထဲခဏလိုက်ခဲ့ပြီးရင် တစ်ဖက်အမျိုးသမီးကိုတော့ ကျွန်တော်တို့ဘက်ကပဲ အနူးညွန့်တောင်းပန်ပါတယ်"

Mi So ကလည်း ဂုဏ်ဆာသောအနေအထားဖြင့် ရိသဲ့သဲ့ပြုံးကာကြည့်နေပြီး Jeon ကတော့ တစ်ခွန်းမှ၀င်မပြောတော့ပဲ Jimin လေးကိုသာ စိုက်ကြည့်နေသည်။

"ငါခေါ်နေတယ်လေ လာလို့! ဒါ Customer ဆိုတာ
မင်း......."

Manager စကားမဆုံးခင်မှာတင် Jeon က Jimin လေးလက်ထဲက လင်ဗန်းကြီးဆွဲယူပြီး Mi So တို့ သူငယ်ချင်းတစ်စုရှေ့သို့ ပစ်ပေါက်လိုက်သည်။ လင်ဗန်းကျသံနှင့်အတူ အကုန်လုံးလည်း ထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့ရသည်။ Jimin လည်း ရုတ်တရက်ကြီး Jeon ဒီလိုလုပ်ချလိုက်တော့ ပြန်တောင်မကြည့်ရဲတော့ပဲ ခေါင်းကို ငုံ့မြဲငုံ့ထားသည်။

Jeon : ဒီမှာဘာလဲကြည့်!!

ပိုင်ဆိုင်မှု card တွေကို Manager ကိုထုတ်ပြလိုက်တော့ Manager ဖြစ်သူလည်း တုန်လှုပ်သွားခဲ့ရသည်။
Bar ပိုင်ရှင်မှာ Jeon လုပ်ငန်းစုရဲ့ သူဌေးဖြစ်ပြီး လက်ရှိကိုယ့်ရှေ့ကိုရောက်နေတာကလည်း Jeon လုပ်ငန်းစုရဲ့ပိုင်ရှင် သူဌေးလေး Jeon Jungkook ပင်ဖြစ်သည်။

"ဟုတ်ကဲ့ သူဌေး ကျွန်တော်အကောင်းဆုံးဖြေရှင်းပေးပါ့မယ်
အခုလည်း ၀န်ထမ်းကို ကျွန်တော်ဆုံးမလိုက်ပါ့....!!"

Jeon မျက်ခုံးတစ်ချက်ပင့်ကြည့်ပြီး " မလိုဘူး ဘာမှ ဒီက
ပြဿနာအိုးကိုပဲ ရှင်းလိုက် နောက်တစ်ခါ Bar လာပြီးပြဿနာမရှာရဲအောင်"

"ဟုတ်..ဟုတ်ကဲ့ သူဌေး"

ပြောပြီးတာနဲ့ ခေါင်းငုံ့မြဲတိုင်းငုံ့နေသော တစ်စုံတစ်ယောက်ရဲ့
ဘယ်ဘက်လက်ကို စောင့်ဆွဲကာ Car Parking ဘက်သို့ဦးတည်လျှောက်လာခဲ့သည်။ နောက်ကလိုက်ပါလာသူလေးအား တစ်ချက်ပင်မျှ လှည့်မကြည့်ခဲ့။ Jeon ခေါ်ရာပါလာသော သူလေးမှာလည်း ယက်ကန် ယက်ကန်နဲ့ ပါလာခဲ့သည်။

မောင့် လမင်းငယ်🌙Where stories live. Discover now