EPISODE 8

6.4K 651 33
                                    

Unicode

"ကျမ်းစာရွက်အစီအရင် စတင်တော့မလားဘုရား"

နန်းမြကသတိပေးလာတာနဲ့ ကြင်ယာတော်လေးကခေါင်းညိတ်ပြလိုက်ပြီးအစီအရင်ပြုလုပ်မယ့်နေရာကိုကြည့်လိုက်သည်။

အစီအရင်နေရာကသပ်ရပ်သန့်ရှင်းနေပြီး အကာအကွယ်စည်းအပြင် မွန်မြတ်သည့်အစီအရင်ကြိုးများလည်းတားဆီးပြီးဖြစ်သည်။

ကြင်ယာတော်လေးစည်းအတွင်း၀င်ရောက်လိုက်ပြီး သတ်မှတ်ထားသည့်နေရာတွင်တင်ပျဉ်ခွေထိုင်လိုက်သည်။တစ်ပြိုင်နက်ပင် နန်းနွယ်နှင့် နန်းမြသည်လည်း စည်းအပြင်ဘက်မှနေ၍ ကြင်ယာတော်ဘက်သို့လှည့်ကာတင်ပျဉ်ခွေထိုင်လိုက်ကြသည်။

ကြင်ယာတော်လေးဟာ နန်းနွယ်တို့နှစ်ယောက်အသင့်ဖြစ်တာကိုမြင်တာနဲ့ ချက်ချင်းပင် ယခင်နေ့ရအဆင့်တက်သွားတဲ့အဆင့်မြင့်စွမ်းမား အဆင့်(၂)ကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ထိုအခါ‌ေငွမှင်‌ေရာင် စွမ်းအင်တို့ကကြင်ယာတော်လေး၏ခန္ဓာကိုယ်မှစိမ့်ထွက်လာပြီး ကြင်ယာတော်ဟာလည်းသူ့ရဲ့ကျဉ်းမြောင်းနေတဲ့ မျက်လုံးအစုံကို မှိတ်ချကာ လက်သင်္ကေတတစ်ခုကိုဖော်ဆောင်လိုက်ပြီး အတွင်းဘက်မှစိတ်စွမ်းအားလှိုင်းကြီးကို ငြိမ်သက်စေလိုက်သည်။အချိန်အတော်ကြာသောင်းကျန်းနေတဲ့ အတွင်းဘက်စွမ်းအားများကြောင့် ခန္ဓာကိုယ်အပြင်ဘက်ကိုဆွဲထုတ်ထားတဲ့ စွမ်းအားများဟာချိနဲ့ပြီး ကြင်ယာတော်လေးရဲ့လိုရာခရီးမရောက်စေဘဲ လမ်းတစ်၀က်၌ပင်ပျက်ပြယ်သွား၏။

"စုဆုံမှတ် ပဏာမအဆင့် "

ကြင်ယာတော်လေးက စကားတစ်ခွန်းပြောပြီးလက်သင်္ကေတ တစ်မျိုးထပ်ပြောင်းကာ ခန္ဓာကိုယ်ထဲကအဆင့် (၂) စွမ်းအားတချို့ကိုထပ်မံထုတ်ယူကာ လိုရာခရီးရောက်စေရန်ကြိုးစားလိုက်သည်။သို့ရာတွင် ဒီတစ်ကြိမ်တွင်လည်းရှေ့ကကဲ့သို့ပင် အတွင်းစွမ်းအားများက ထပ်မံသောင်းကျန်းကာနှောက်ယှက်ပြန်သည်။ ကြင်ယာတော်လေးဟာ မျက်မှောင်တွေကြုပ်ပြီး တောင့်ခံကြိုးစားပေမယ့် အပြင်ဘက်ကိုစိမ့်ထွက်လာတဲ့စွမ်းအင်တွေဟာ ပျက်ပြယ်သွားဆဲပင်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now