"ကောင်မလေးက အထူးအဆန်းလေး မမနဲ့သိနေတယ်ထင်တာ"
"အို သိစရာလား"
"မသိရင်လည်းပြီးတာပါပဲမမရယ် ကြည်ပြာ့ကိုခွင့်ပြုပါဦး"
ခေါင်းငြိမ့်ပြလိုက်တော့ ကြည်ပြာကအလိုက်သင့် ထွက်သွားလေသည်။သူထွက်သွားမှသာ မြန်ဆန်စွာ ခုန်နေတဲ့နှလုံးရှိရာကို လက်ဖြင့်အသာအယာဖိမိသည်။ပြောဆိုသွားပုံကလည်း ပိုင်စိုးပိုင်နင်း။ပထမအကြိမ်တွေ့ဆုံခြင်းက စိတ်တိုဒေါသဖြစ်ခဲ့ရသလို ဒုတိယအကြိမ်တွေ့ဆုံခြင်းမှာလည်း သဘောမကျစရာဖြစ်ရပြန်သည်။လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်ကတည်းကပြတ်တောက်သွားခဲ့တဲ့ ခင်မင်မှုက ဟန်နီသစ္စာကြောင်ပ တစ်ဖန်ပြန်လည်ကာ အသက်ဝင်လာဦးမလားဆိုတာ မည်သူမှမသိနိုင်သေးပေ။
~
ကုတင်ထက်တွင်အနီရောင်ချိတ်ဝမ်းဆက်လေးကို မြကြည့်နေမိတာ အကြိမ်ကြိမ်ပင်။အစကတည်းက မယူခဲ့ပဲ ဆိုင်မှာထားခဲ့ရင် အကောင်းသား။ယူလာမိတဲ့ကိုယ့်ကိုကိုယ်ပင်နားမလည်နိုင်တော့ပေ။နားလည်အောင်လည်း မကြိုးစားချင်တော့။
"မမ"
အပြင်ကတံခါးခေါက်သံနဲ့လေးရုံ၏အသံချိုသာသာ။ဘာတွေပြောမလဲမသိ။
"လေးရုံ ဝင်ခဲ့လေ"
အဖြူရောင်မိန်းမဝတ်ရှပ်အကျီင်္ကို အပြာရင့်ရောင် လုံချည်နဲ့ တွဲဝတ်ထားတဲ့ လေးရုံပုံစံက တစ်မျိုးတစ်မည်အလှတိုးလို့နေသည်။ရောက်ရောက်ချင်း လေးရုံကြည့်မိသည်က ကုတင်ထက်က အနီရောင် ချိတ်ဝမ်းဆက်ကိုသာ။လေးရုံအကြည့်တွေက ရိုးရှင်းသော်လည်း မြရင်ထဲ မလုံမလဲဖြစ်လို့နေသည်။
"အယ် ချိတ်ဝမ်းဆက်လေးပဲ အရောင်လေးရော ဒီဇိုင်းရောက တကယ်လှတာပဲ"
လှမှာပေါ့။ဒါဟာ မြရဲ့တီထွင်ဖန်တီးမှု။လေးရုံအစ်မရဲ့ ဒီဇိုင်းလေ။
"အင်း"
"မမဆိုင်ကလား လက်ဆောင်ရလာတာလား"
အမေးအမြန်းထူတဲ့ လေးရုံမေးခွန်းတွေမှ မြရုန်းထွက်နိုင်မည်မထင်။အစကတည်းက သိမ်းထားလိုက်ရင် အခုလိုတွေ မေးခံရမည်မဟုတ်။
အပိုင်း_12(Z)
Start from the beginning