ပိုက်ဆံအိတ်ကိုင်၊ နှုတ်ခမ်းနီကိုခပ်ရဲရဲဆိုးပြီး အနောက်နှစ်လမ်းကျော်ဆီ သူမညဘက်ကြ်ီးထွက်လာလိုက်တယ်။ ဒီအချိန်ဆို ဟိုကောင်လေးက အိမ်မှာရှိနေတာ သူမသိတယ်လေ။
သူတို့နေတဲ့ တိုက်အောက်ကိုရောက်တော့ ဖေးရွှီက ဝမ်ရိပေါ်ဆီကို ဖုန်းဆက်ဖို့တွေးလိုက်မိတယ်။ အချိန်က ခုနှစ်နာရီခွဲတော့မယ်။ ဝမ်ရိပေါ်နေတဲ့ လမ်းက လူပြတ်တာမို့ ခုနှစ်နာရီလောက်ဆို လူသွားလူလာသိပ်မရှိတော့ဘူး။ တိုက်ရှေ့က ဓာတ်မီးတိုင်အောက် ဖုန်းဆက်ရကောင်းနိုးနိုးနဲ့ မတ်တပ်ရပ်နေရင်း အိုဟောင်းနေပြီဖြစ်တဲ့ တိုက်ကြီးဆီ သူမမော့ကြည့်လိုက်တယ်။
အိုဟောင်းနေပေမဲ့လည်း ဈေးကောင်းပေးရတဲ့ ဒီလိုနေရာမျိုးမှာ နေနိုင်စားနိုင်တဲ့လူဟာ လူဆင်းရဲထဲမှာတော့မပါဘူး။ သို့ပေမဲ့လည်း လူချမ်းသာတော့ဟုတ်မနေ။ မော်ဒယ်အဟောင်း Volkswagen လေးတစ်စီးပိုင်ဆိုင်ထားပြီး တိုက်ခန်းတစ်ခန်းပိုင်တဲ့ လူဟာ အဆိုးဝါးကြီးထဲမှာတော့မပါပေ။ သားမက်တစ်ယောက်အနေနဲ့ ရွေးခြယ်ဖို့ သင့်တော်သည့်အထဲမှာပါနေသေးသည်။
သို့ပေမဲ့လည်း သားမက်ကိုလက်ခံရအောင် သူမသား ဝမ်ရိပေါ်က မိန်းကလေးမှမဟုတ်တာ တစ်ဖက်ကလူကလည်း ယောင်္ကျားရင့်မာကြီးတစ်ယောက်ပဲလေ။ ပတ်ဝန်းကျင်က မဝေဖန်ခင် သူမကိုယ်တိုင်က ရွံလို့ ရူးသွားလောက်သည်။ သူမသားက ဘယ်လောက်ပဲဆိုးနေပါစေ ယောင်္ကျားရတဲ့အထိတော့ ပစ်မထားနိုင်ပါပေ။
သူမစိတ်ကိုတင်းပြီး အရဲစွန့်ကာ မကြာခဏ တိတ်တိတ်ကလေးသွားရောက် ကျိန်းမောင်းဖူးခဲ့တဲ့ အခန်းနာပါတ် 103 ဆီတက်သွားလိုက်သည်။
လူခေါ်ဘဲလ်ရဲ့နောက်ကွယ်မှာ တစ်မိနစ်လောက်စောင့်ဆိုင်းပြီးမှ ကောင်လေးတစ်ယောက် တံခါးလာဖွင့်ပေးသည်။ နှုတ်ခမ်းမွှေးစစ၊ ဂုတ်ထောက်ဆံပင်၊ အရပ်ရှည်ရှည် ခပ်ပိန်ပိန်နှင့် အပြုံးချိုသော လူချောလေးသည် သူမကိုမြင်တော့ မပြုံးပြနိုင်ပေ။ သိသိသာသာကို မျက်နှာပျက်သွားပြီး
"အဒေါ် ဘာလာလုပ်တာလဲ"
"နင့်ရည်းစားအမေကို ဒီလိုပဲဆက်ဆံတာလား"
အခန်း ၂
Start from the beginning