"အရှင့်သားထိုက်ဇီသာ တစ်ခုခုဖြစ်သွားရင် ရှင်တို့အားလုံးလည်း သူနဲ့အတူ သင်္ဂြိုဟ်ခံရလိမ့်မယ်"

သူမ၏ဖြူဖျော့နေသောမျက်နှာနှင့် နီရဲနေသော မြေခွေးမျက်လုံးလေးများကြောင့် သူမက နတ်ဆိုးနှင့် မကောင်းဆိုးဝါးပေါင်းစပ်ထားသလိုဖြစ်နေသည်။ သူမက ရင်သပ်ရှုမောဖွယ် ချောမောလှပသော အမျိုးသမီးလေးတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားနေသော်လည်း ယခုအချိန်မှာတော့ သူမတကိုယ်လုံးမှာ ရက်စက်ကြမ်းကြုတ်သော အသွင်များပြည့်လျှံနေပြီး သူမ၏သတ်ဖြတ်ချင်စိတ်က ပေါ်လွင်နေသည်။ အဲ့ဒါကို မြင်လိုက်ရတော့ မျိုးနွယ်စုဟောင်းက လူတွေအားလုံးက အံသြထိတ်လန့်သွားပြီး အကြောင်းပြချက်မရှိဘဲ ခြေတလှမ်း တစ်ဝက်လောက် နောက်ပြန်ဆုတ်မိသွားကြသည်။

ဤအရာက မည်မျှအခြေအမြစ်မရှိသည်ကို လဲ့ကျစ် ကိုယ်တိုင်သာသိသည်။ ဒါပေမယ့် သူမမှာ ရွေးချယ်စရာ မရှိတော့တာ အမှန်ပါပဲ။ ဟန့်တားခြင်းနှင့် ခြိမ်းခြောက်ခြင်းမှလွဲ၍ အခြားနည်းလမ်းကို သူမ မတွေးနိုင်တော့ပေ။

ဟော်တူက မြို့ထဲတွင် ရှိနေဆဲဖြစ်သည်။ အကယ်၍ သူမ တိုက်ခိုက်ရန် တွန်းအားပေးလိုက်ပါက အဲ့တာက ချူရန်ကို အမှန်တကယ် စိတ်အနှောက်အယှက်ဖြစ်စေမည်ဆိုပါက... သူမ ထိုကိစ္စကို တွေးပင် မတွေးဝံ့ပေ။

လဲ့ကျစ် တကယ်စိတ်ဆိုးနေတာကို တွေ့တော့ ချူရန်က သူမကို တမင်တကာ ရန်စနေကို ရပ်လိုက်သည်။ သူက ပြုံးပြပြီး ရှင်းပြခါနီးမှာ မြင်းခွာသံများကြားရပြီး အဖွဲ့တစ်ဖွဲ့က သူတို့ဆီ လာနေတာကို တွေ့လိုက်ရသည်။

ကျင်းရဲ့ စစ်သည်တွေက ရောက်လာခဲ့ပြီ။

လဲ့ကျစ်၏နှလုံးသားတစ်ခုလုံး အောက်ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ကျင်းစစ်သည်များနှင့် ချူရန်တို့နှစ်ဘက်စလုံးကို တိုက်ပွဲတွင် အနိုင်ရနိုင်မည့် အခွင့်အလမ်းကို သူမ တွက်ချက်နေချိန်တွင် ချူရန်က သူ့မျိုးနွယ်စုကို ဦးဆောင်ပြီး ကျင်းစစ်သည်များဆီသို့ ဦးတည်သွားနေသည်ကို သူမ တွေ့လိုက်ရသည်။

သူမက မြင်းဇက်ကြိုးကို ဆွဲကာ နှစ်ဦးနှစ်ဖက် တိုက်ခိုက်နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။

ရန်သူ့အိမ်ရှေ့စံWhere stories live. Discover now